37

9K 1.5K 32
                                    

" ပင်ပန်းနေပြီလား ဆရာ "

သီချင်းစာသားတစ်ချို့ ရေးလက်စစာအုပ်ကိုပိတ်ကာ ဘေးတွင်လာရပ်သည့်အရိပ်ကိုမော့ကြည့်ဖြစ်၏။ လက်ထဲတွင်ကိုင်လာသည်က အကြမ်းရည်အိုး။ ရှေ့ဆံစတစ်ချို့တွင်ရေကစိုရွှဲနေဆဲမို့ ခေါင်းမှရေလောင်းချိုးလာပုံရ၏။

" မပင်ပန်းပါဘူး .. ကလေး ဟို ထွေးရော "

ယောင်ကာထွက်သွားသည့် အမည်နာမကြောင့် ကောင်ငယ်လေးက ပြုံး၏။

" အဟင်း ကိုကိုက သူကြီးအိမ်ခဏသွားတယ် .. ရွာဘုရားပွဲအတွက်တဲ့ "

" မြို့ကပြန်လာပြီး နားတောင်မနားဘူးကွာ ဒီကလေးကတော့ "

" အဲ့ဒီကိုကို့ကိုပဲ စိတ်ပူမနေပါနဲ့ ဆရာ့ကျန်းမာရေးသာ စိတ်ပူပါ .. လူကြည့်တော့ ဖြူဖပ်ဖြူလျော်နဲ့ .. ကျန်းမာရေးအတွက်လာတဲ့လူက ကျန်းမာရေးထိခိုက်နေပြီလားမသိဘူး "

ပွစိပွစိနှင့်ပြောနေပုံသည် ရုပ်ရည်ကလေးနှင့်ပင် မလိုက်ဖက်ပါချေ။ ထွေးနှင့်ဆင်တူသည့်မျက်ဝန်းတို့က ညိုမှောင်လဲ့နေသည်မို့ မျက်ခုံးတန်းတန်းမဲနက်နက်ကယ်နှင့် အတော်ကလေး လိုက်ဖက်လှ၏။ မေးရိုးသွယ်သွယ်သည် လေးထောင့်မကျတကျမို့ အတော်ကလေး ယောက်ျားပီသသည့်အထဲ မပါပေမဲ့ နောင်စစ်သွေးသည် လူချောတစ်ယောက်သာဖြစ်လေသည်လေ။

" ရော့ အများကြီးမသောက်နဲ့ဦး ညစာ ပုဇွန်လုံးရထားလို့ စားမြိန်မှာသိလား "

ဘာမှပြန်မဖြေပဲ ငြိမ်ကာကြည့်နေတော့ ရှက်လာလေသလားမသိ။

" ကြားသလား လို့ "

" အင်း "

" ကြားရင်ကြားတယ်ပြောလေဗျာ .. ဘာလဲ စိုက်ကြည့်နေတာက .. သွားတော့မယ်ဗျာ .. ထွေးရီကိုပဲ သွားကူတော့မယ် "

အပေါ်ထပ်ကပြေးဆင်းလေသော သူငယ်သည် အမှန်တကယ်သွားကူခြင်းတော့မဟုတ်ပေ။ ဤအိမ်တွင်နေထိုင်သည့် ယောက်ျားသုံးယောက်လုံးသည် အချက်အပြုတ်အစွမ်းက သုညအောက်ရောက်သည်လေ။

" နောင်စစ်သွေး ..... "

ခြံဝမှ ခေါ်လိုက်သည့် အော်သံကျယ်ကျယ်ကြောင့် နှောင်ရစ်ထွေးပြန်လာပြီမှန်းသိလိုက်၏။ တိမ်မိုးရောင်သည်လည်း ဝရံတာမှ အတန်ငယ်ကျော်ကာ ချောင်းကြည့်လေတော့ ခြံတံခါးအား ကြမ်းကြမ်းတမ်းတမ်းဖွင့်ကာ ဝင်လာသည်ကိုတွေ့လိုက်ရလေ၏။

အိုဘယ့်မှုံရွှေရည်(Completed)Donde viven las historias. Descúbrelo ahora