4

596 97 6
                                    

ထိုသီချင်းဆိုနေတဲ့ ကောင်လေးကို
ကြည့်ရတာ သိပ်ရင်းနှီးနေတယ်။

Haruto တွေးပြီးရင်း တွေးနေပေမဲ့
ခေါင်းထဲ ပေါ်မလာတာကြောင့်
စိတ်ရှုပ်ရှုပ်နဲ့ Colaတစ်ဘူး
ဆွဲပြီး ထထွက်လာလိုက်တယ်။

စီးကရက်ဖွာနေတဲ့ စီနီယာ
တစ်ယောက်......
သူ့ကြည့်ရတာ အသဲကွဲနေပုံပဲ
Haruto အကဲခတ်သလိုလို
ကြည့်လိုက်ပြီးမှ

"Hyungကြည့်ရတာ
အသည်းကွဲနေတဲ့ပုံပဲ"

"ဆိုပါတော့"

"ကျွန်တော် အသစ်ရှာပေးရမလား
ဘယ်လိုလဲ"

"Ya! ဟေ့ကောင် မင်း
သေချာမသိပါဘူးကွာ"

"ဘာကိုလဲ Hyungရဲ့
Hyungကြည့်ရတာ အခြေအနေ
မဟန်ဘူးနဲ့ တူတယ်"

"မင်းက Harutoမလား"

"Hyung ကျွန်တော့်ကို သိတယ်?"

"အပိုလုပ်မနေနဲ့ မင်းက
ဒီနှစ်ကလေးတွေထဲ
Popular ဖြစ်နေတာပဲလေ"

"အဟက်.... ဒါကတော့
ဖြစ်နေကျပဲလေ Hyungရာ
ဆန်းလို့လား"

"မင်းက ပွင့်လင်းသားပဲ
ငါ့ညီ တစ်ဝမ်းကွဲဆို မင်းနဲ့
သိပ်ကွာတယ် သူကလေ
နုံတိနုံအနဲ့ လူရိုးကောင်"

အနှီ စီနီယာက ထိုင်နေရာက
ရုတ်တရပ် ထလိုက်တယ်။
ဖွာလက်စ စီးကရက်အတိုလေးကို
ဖိနပ်နဲ့ ခြေမွရင်း
စိတ်မပါသလို ထပ်ပြောလိုက်တယ်

"မင်းနဲ့ ငါ တူတာပဲ
အခွင့်ကြုံရက် ထပ်တွေ့ကြတာပေါ့"

ထထွက်သွားတဲ့ ထိုစီနီယာကို
Haruto အော်ပြောလိုက်သေးသည်။

"Hyung နာမယ် ဘယ်လိုခေါ်လဲ"

"ကျောင်းကောင်စီမှူးတွေထဲက
Business မေဂျာရဲ့ မျက်နှာဖုံးလို့
ပြောလိုက်.... လူတိုင်းသိလိမ့်မယ်"

နောက်ပြန်မလှည့်ပဲ လက်ပြပြီး
နှုတ်ဆက်သွားတဲ့ ထိုစီနီယာက
Haruto အမြင်မှာတော့
သိပ်အထာကျ​နေလွန်းသည်။

**businessရဲ့ မျက်နှာဖုံးတဲ့လား
စိတ်ဝင်စားစရာပဲ**

.................................................................

"Hyung... Junkyu Hyung"

"အင်း ဘာလဲ ပြော ပြော"

"ကျောင်းကောင်စီမှူးတွေကို
Hyungသိလား"

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now