35

371 60 17
                                    

လေတဖြူးဖြူးတိုက်ခတ်နေသည့် ပင်လယ်ကမ်းခြေက Seoulမြို့အနီးမှာပဲရှိသည်တဲ့။ Jeongwooက တစ်ခါမှမကြားဖူးခဲ့။ ဒါကလည်း သူဟာ ဩစတေးလျမှာပဲ အချိန်ကုန်ခဲ့ရတာကြောင့် Koreaမြေနဲ့ပက်သက်လာရင် အသိဉာဏ်တုံးသွားတဲ့အခြေအနေမျိုးသာ။

"ဪ~ အဲ့ဒါကြောင့် မင်း ဟာဝိုင်အီအကွက်တွေ ဝတ်ထားတာလား ရူးကြောင်ကြောင်နဲ့"

ဘေးနားက ကားအမောင်းဆရာ ကိုဂျပန်ကောင်ကြီးကို လှမ်းဖဲ့လိုက်တော့ မေးဆတ်ပြရင်း မိမိကိုမေးခွန်းပြန်ထုတ်နေ၏။

"မချောဘူးလား ငါက ဘယ်လိုဖြစ်နေလို့လဲ"

"ချောပါတယ် ချောပေမယ့် ကြည့်မကောင်းဘူး"

Jeongwooရဲ့အပြောကြောင့် Harutoကတော့ ကားထဲက ပစ္စည်းတွေသယ်နေရင်း မျက်နှာကြီးပုပ်သိုးသွားတော့တယ်။Jeongwoo သူ့အပေါ် ဒီလိုဆက်ဆံတဲ့ပုံစံနဲ့ပက်သက်ပြီး Harutoဟာ သူထင်ထားတာတွေက တကယ်ရောမှန်ရဲ့လား မစဥ်းစားတတ်တော့ဘူး။သူ့လုပ်ရပ်တွေကရော မှန်​ေနရဲ့လားဆိုတာ ပိုစဥ်းစားလို့တောင်မရတော့ဘူး။

"အော် ငါမေ့နေတာ မင်းဟိုတစ်နေ့က ငါ့လွယ်အိတ်ကို ကူသယ်ပေးမယ်ဆိုပြီး နောက်ကျနေလိုက်တာ ငါအဆောင်ပြန်ရောက်တာတောင် မင်း အဲ့နေ့က မရောက်သေးဘူး"

"ဟုတ်တယ် ငါ အဲ့နေ့က ပါမောက္ခ Seo ခိုင်းတာတွေလုပ်ပေးလိုက်ရတယ် သူကစာအုပ်တွေ စာကြည့်တိုက်ကိုကူသယ်ပေးပါဆိုလို့လေ"

"ငါ့လွယ်အိတ်လေးတော့ ဘေးကင်းတယ်မလား"

"ကင်းလို့ပဲ မင်းအခု လွယ်ထားတာမဟုတ်ဘူးလား"

ဟိုတယ်မရှိသော လဟာပြင်ကမ်းခြေကြီးဖြစ်တာကြောင့် မုန့်ဆိုင်တွေရယ်၊ ဘော်ကွင်းဆိုင်ရယ်ပဲ ရှိသည်။ဒါကြောင့် သူတို့နေ့ချင်းပြန်မှဖြစ်မည်ဟု Jeongwooတစ်ယောက် တွေးလိုက်တော့တယ်။ ဒါပေမယ့် သူ့ရဲ့အတွေးလေးဟာ တစ်မိနစ်အတွင်းမှာပဲ ပျက်စီးသွားတယ်။

ကားထဲကနေ ခေါက်ရွက်ဖျင်တဲအထုပ်ကို အပြင်ကိုယူနေတဲ့ Harutoကြောင့် Park Jeongwooတစ်ယောက် စိတ်ဆင်းရဲသွားသလိုမေးလိုက်တယ်။

"မဟုတ်မှလွဲ ညပါ အိပ်ဖို့လုပ်ထားတာလား"

"အင်းလေ ဒီမှာရေဆော့ပြီးရင် ပင်ပန်းမှာပေါ့ ငါပြန်ပြီး ကားမမောင်းနိုင်ဘူး မောလိမ့်မယ်"

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now