Harutoဆိုတဲ့ ကောင်နဲ့ ဘေးချင်း
ကပ်ယှက်ထိုင်ရတာ.... တစ်မျိုးပဲဗျ။
လက်ချာပေးနေတဲ့ ဆရာမထက်
ဘေးက အဲ့ကောင်ကိုပဲ ကြည့်ချင်နေမိတာ။
ဘာသဘောလဲတော့ မသိ... သူ ငိုက်နေလို့ဖြစ်မယ်!!မနက်ပိုင်း အချိန်ပြီးတော့ အခန်းထဲက ကျောင်းသားတွေက ကိုယ်စီကိုယ်စီ ထွက်သွားကြသည်။ ဘေးနားက သူ့ကို ကြည့်လိုက်တော့
ခုနက သင်သွားတဲ့ လက်ချာတွေကို ခုမှ စာအုပ်ထဲ ချရေးနေသည်။ ဘာလား ဒီကောင် မှတ်ဉာဏ် အာ့လောက် ကောင်းသလား?
ငိုက်နေတုန်းတောင် စာတွေကို နားလည်တယ်တဲ့လေ။"မင်း ထမင်း သွားမစားဘူးလား"
"အင်း ဒါ မပြီးသေးလို့.... ဒါနဲ့ နေပါအုံး မင်းနဲ့ငါ ဘယ်တုန်းက သူငယ်ချင်းဖြစ်သွားတာလဲ ငါလည်း မသိလိုက်ရပါလား"
"အရင်က ကိစ္စအတွက် ငါ တောင်းပန်ပါတယ်ကွာ...ဟဲဟဲ ငါ့ကို ကူညီပေးလို့ ဘာပဲဖြစ်ဖြစ်
ကျေးဇူးကွာ""ဒါဆို ငါ့ကို ခနစောင့်! မေဂျာက ကန်တင်းကို တူတူ သွားရအောင်"
"အေးပါကွ.... ဒါနဲ့လေ မင်းရော ငါ့လိုပဲ
တစ်ယောက်တည်းလား? မင်းသူငယ်ချင်းတွေရော?""သူငယ်ချင်းရှိရအောင် ငါက မင်းလို လူတိုင်းနဲ့ ပေါင်းနေတာမှ မဟုတ်တာ"
"မင်းကလည်းကွာ စိတ်ချည်းပဲ
ဒါနဲ့ မင်းနာမည်ကလည်း အဆန်းနော် Harutoတဲ့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ကာတွန်းကားထဲက
ဇာတ်ကောင်နာမယ်နဲ့ တူတယ် ဟဲဟဲ""ဘာလဲ Narutoလား"
"ဟဲဟဲ..... ဟုတ်တယ် ဒါမဲ့ စိတ်မပူပါနဲ့ ငါ မင်းကို
Rutoလို့ပဲ ခေါ်မယ်လေ... ဘယ်လိုလဲရင်းရင်းနှီးနှီး ဖြစ်တယ်မလား"မျက်စပစ်ရင်း ပြောလာတဲ့ သူ့ဘေးက ကောင်လေးကိုကြည့်ရင်း Harutoကတော့ တွေးမိသေးသည်။
**ဘာလား ဒီကောင်က အထူးအဆန်း? လူတိုင်း ငါနဲ့ တွေ့ရင်း ရှိန်ကြတာကို ဒီကောင်ကြတော့ ရင်းရင်းနှီးနှီးလေး ဘာလေးနဲ့ အံ့ဩပါ့**
.......................................👬🏻
ကန်တင်းရောက်တော့ Jeongwooတစ်ယောက် Doyoung Hyungနဲ့ွေ့တာမို့ လက်ပြပြီး နှုတ်ဆက်လိုက်တော့ Doyoungက သူ့အနား လာထိုင်ဖို့လက်ယက်ခေါ်သည်။
![](https://img.wattpad.com/cover/256830328-288-k164913.jpg)
YOU ARE READING
𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷ
Fanfiction[Burmese] 𝗛𝗮𝗿𝘂𝘁𝗼 × 𝗝𝗲𝗼𝗻𝗴𝘄𝗼𝗼 [completed] ➛ 𝗳𝗿𝗶𝗲𝗻𝗱𝘇𝗼𝗻𝗲 𝗮𝘂 ➛ 𝗼𝗻𝗲-𝘀𝗶𝗱𝗲𝗱 𝗹𝗼𝘃𝗲 ➛ 𝗳𝗹𝘂𝗳𝗳 ➛ 𝘄𝗿𝗶𝘁𝘁𝗲𝗻 𝗶𝗻 𝗕𝗨𝗥𝗠𝗘𝗦𝗘