20

348 69 7
                                    

"ငါ...ငါ မင်းကိုချစ်တယ် Ruto"

ကျွန်တော် ပြောထွက်လိုက်မိပြီ။ထစ်ထစ်အအဖြစ်နေတဲ့ ကိုယ့်ပါးစပ်ကို လက်ဖဝါးနဲ့ပြန်ပိတ်ကာ မလှမ်းမကမ်းမှာရပ်နေတဲ့ ချစ်ရသူကို Jeongwooက လှမ်းကြည့်နေတယ်။Harutoဘယ်လို တုံ့ပြန်လာလဲဆိုတာကို သူအရမ်းစိတ်ဝင်စားနေပြီ။

စိတ်လှုပ်ရှားနေမှန်းသိပ်သိသာလွန်းလို့ လည်ပင်းက မာဖလာနဲ့တောင် သူ့ နှဖူးက တဒီးဒီးကျနေတဲ့ဇောကျွေးတွေကို သုတ်ယူနေရပြီမလား။

"ဘာ!"
ဟိန်းထွက်လာတဲ့အသံက ပတ်ဝန်းကျင်တစ်ခုလုံးကိုဖုံးလွမ်းသွားသယောင်ယောင်။ပုံမှန်ထက် ပိုမာကျောနေတဲ့ Harutoရဲ့အသံကြောင့် ကျွန်တော်လန့်သွားတာတော့ အမှန်။တော်သေးတာက အနီးနားမှာ ဘယ်သူမှရှိမနေတာလို့သာ တစ်ချက်ပိုကောင်းတယ်။ အငြင်းခံရတော့မယ်ဆိုတာကို ကျွန်တော်ကြိုတွက်နှင့်ပြီးသားပါ။

"မင်း ထပ်ပြောလိုက်!"

"ငါ...ငါ..Park Jeongwooက Harutoက ချစ်နေတယ်လို့!!!!"

Haruto၏အသံက မာနေပြီဖြစ်သလို Jeongwooကလည်းလက်မလျှော့။သူလိုချင်တာကို ရအောင်ပြောနေသည့် ကလေးတစ်ယောက်လို အသံကျယ်ကြီးနဲ့ အော်ပြောနေရှာတယ်။အမှန်တော့ ယုံကြည်ချက်မရှိတာကြောင့် Jeongwooကို သူ့နားနှစ်ဖက်ကို လက်တွေနဲ့ဖိအုပ်ပြီး မျက်လုံးမှိတ်ရင်း အော်မိသွားတာပဲ​ြဖစ်တယ်။Haruto လျှောက်လာနေပြီ သူ့ခြေလှမ်းတွေက ကျွန်တော်နဲ့တဖြေးဖြေးနီးလာပြီ...

အဲ့ဒီနောက်တော့ ရုတ်တရပ် ကော်လံစကိုဆွဲဆောင့်လိုက်တဲ့ ခံစားချက်မျိုး ကျွန်တော်ကောင်းကောင်းကြီးရလိုက်တယ်။Harutoရဲ့ မျက်လုံးတေ​ွက ရဲတောက်နေသလို နားထင်က သွေးကြောတွေကလည်း သူဒေါသထွက်နေပြီဖြစ်မှန်းကို သိသာစေတယ်။ကျွန်တော် ဘာလုပ်ရမလဲ? အခုချိန်မှတော့ လူပျော့တစ်ကောင်လို ထွက်ပြေးလိုက်ရမလား? မျက်နှာပြောင်စွာ ဆက်ပြီးခေါင်းမော့နေရမလား? ကျေးဇူးပြုပြီး တစ်ယောက်လောက် ကျွန်တော့်ကိုကယ်ထုတ်သွားရင်...

"မင်း က ဂေးလား"

Harutoရဲ့ စူးရဲစွာ စိုက်ကြည့်ပြီးမေးလာတဲ့ မေးခွန်းကို သူဘယ်လိုဖြေရမလဲမသိ။အမှန်တော့ သူက Harutoနဲ့မတွေ့ခင်ကအထိ ဘယ်သူ့ကိုမှမချစ်ဖူးဘူး။ရင်ခုန်တာဘာညာလည်း မရှိခဲ့ဖူးဘူး။ဘယ်အချိန်ကနေ ဘယ်လို Harutoကိုချစ်မိသွားမှန်း သူကိုယ်တိုင်တောင်မသိ။သူက ဂေးဖြစ်နေပြီလား ဟုတ်တာပေါ့ ငါတို့နှစ်ယောက်လုံးက ေယာကျ်ားလေးတွေပဲ!

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now