22

331 66 4
                                    

"မင်းငါ့ကို ဘာပြောစရာရှိလဲ... ငါ အကုန်သိပြီးပြီ"

"ဘာကိုလဲ အန်တီSuwon"

"ဘာကိုဘာရမှာလဲ မင်းရဲ့ အကျည်းတန်ပြီး အောက်တန်းကျနေတဲ့ စိတ်ကိုပေါ့"

Jeongwoo ဘာကိုမှ နားမလည်တော့။သူ့အန်တီ တကယ်မသိတော့ဘာပြောနေလဲဆိုတာကိုကြောင့် "အန်တီ ဘာတွေပြောနေတာလဲ?"လို့သာ ပြန်ပြော​ေနမိတယ်။

"မင်းနဲ့အတူပါလာတဲ့ ကောင်လေးကို ကြိုက်ရလောက်တဲ့အထိ အရှက်မရှိတော့တာကိုလေ"

လန့်သွားတယ်။ကျွန်တော် ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး။ကျွန်တော်တစ်ယောက်တည်းပဲ သိတဲ့ လျှို့ဝှက်ချက်ကို အန်တီSuwonက ဘယ်လိုသိသွားရတာလဲ? ဒါကြီးက... မဖြစ်နိုင်တာ

"ဘာလဲ? ငါသိနေလို့ အံ့ဩသွားတာလား"

"အန်တီ ဘယ်လိုလုပ်သိတာလဲ"

"ဒါက ဒီလောက်သိသာနေတာပဲ ငါ့လက်အောက်က လူတွေကို နင့်အနားမှာ အမြဲထားထားတယ်လေ"

"ခင်ဗျား!!!!"

Jeongwooက ဒေါသထွက်တဲ့ပုံနဲ့ လှမ်းအော်လိုက်တာကြောင့် Suwonအမည်ရတဲ့ သူ့ရှေ့က အမျိုးသမီးရဲ့ ကိုယ်က ဆတ်ခနဲ တုံသွားတယ်။မာကျောပုံရတဲ့ အဲ့ဒီအမျိုးသမီးက Jeongwooကို မျက်လုံးစိမ်းစိမ်းတွေနဲ့ စိုက်ကြည့်လိုက်ပြီး

"နင် မသိဘူးလား? နင့်အဘိုးက နင့်ကိုဒီလောက်ချစ်တာ ပိုင်ဆိုင်မှုအကုန်လုံးကိုလည်း နင့်ကိုပဲ လွှဲပေးမယ်ဆိုတာ"

"ခင်ဗျားက တကယ်စေတနာနဲ့ မတန်တဲ့လူပဲ"

"ငါတကယ်မထင်ထားခဲ့ဘူး Jeongwoo! နင့်ကို ဘယ်အရာတွေကများ ဒီလို ဂေးတစ်ယောက်ဖြစ်အောင် လုပ်လိုက်သလဲ ဟမ်?"

"ကျွန်တော် homosexual တစ်ယောက်လည်း မဟုတ်ဘူး အန်တီ့စကားတွေ လွန်မလာနဲ့! ကျွန်တော်က ချစ်ရုံပဲချစ်တာ ရယူလိုစိတ်မရှိဘူး"

"အချစ်တွေ မေတ္တာတွေက သုံးစားလို့ ရရဲ့လား? အချိန်တန်ရင် နင့်mommyပေးတဲ့ မိန်းကလေးနဲ့ပဲ ယူရမှာကို နင်မသိတာလား"

"ဒါ ကျွန်တော့်အပိုင်းပါ"

"နင်တစ်ယောက်တည်းနဲ့ သက်ဆိုင်နေရင် ငါ ဒီလိုတွေလုပ်နေမှာမဟုတ်ဘူး Park Jewelry Companyကြီး တစ်ခုလုံးနဲ့ မြို့မျက်နှာဖုံး Park မိသားစုတစ်ခုလုံးရဲ့ ဂုဏ်တွေ မြောင်းထဲ ရောက်သွားနိုင်တယ်ဆိုတာ နင်သိလား"

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now