37

319 57 6
                                    

ကမ်းခြေက ပြန်လာပြီးတဲ့နောက်တော့ အနေရခက်တဲ့ ကိစ္စတချို့ဖြစ်သွားခဲ့တယ်။သူချစ်မိနေတဲ့ ကောင်လေးနဲ့အတူတူဖက်ပြီး နိုးထလာရတဲ့ခံစားချက်က ပျော်ဖို့ကောင်းပေမယ့် တစ်ချိန်တည်းမှာပဲ တစ်ဖက်လူကရော သူ့လိုပျော်ပါ့မလား သူ့ကိုရံွသွားမလားဆိုတာ တွေးမိတဲ့အချိန် သူထိုလူနဲ့စကားမပြောဖြစ်ဘဲ ရှောင်ဖယ်မိလာတာပဲ။

ကျောင်းကိုပြန်ရောက်လာပြီးနောက် တနင်္လာနေ့လည်ခင်းတစ်နေ့မှာတော့ Jeongwooတစ်ယောက် စာမေးပွဲရလဒ်သိရတော့မှာမို့ ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်လို့နေတယ်။စားသောက်ဆိုင်တစ်ခုမှာ နေ့လည်စာစားနေတာဖြစ်ပြီး သူက ဖုန်းထဲကနေ ထုတ်ပြန်ချက်ပြန်ပို့လာမဲ့အချိန်ကို စောင့်နေတာဖြစ်တယ်။

Perisဆိုတာ သူ့အိမ်မက်တွေပြည့်နေတဲ့နေရာတစ်ခုဖြစ်ရင်ကောင်းမယ်။အနုပညာမြို့တော်မဟုတ်ပေမယ့်လည်း သေချာပေါက် Koreaမှာထက်စာရင် ပိုလွတ်လပ်မယ်လို့သူယုံကြည်တယ်။အချုပ်အနှောင်တွေဆီကနေလည်း ဝေးကွာသွားမယ်မလား....

*ting ting ting*

ဝင်လာတဲ့ဖုန်းခေါ်သံနဲ့အတူ Jeongwooကဘည်း စိတ်လှုပ်ရှားစွာပဲ ထိုဖုန်းကိုကိုင်လိုက်တယ်။တစ်ဖက်လူက Englishလိုတွေပြောနေပြီး သူတို့ကျောင်းကိုလာတက်ဖို့ ကမ်းလှမ်းနေတာမို့ Jeongwooကလည်း အပြုံးတွေအတောမသတ်နိုင်ပဲ တုန်ရီနေတဲ့အသံနဲ့ပြန်ဖြေနေမိတယ်။

ဖုန်းခေါ်ဆိုမှုပြီးသွားတဲ့အခါမှာတော့ သူဟာ ခုန်ပေါက်လိုက်ပြီး အရမ်းကိုပျော်နေတယ်။ဘယ်လိုပြောရမလဲ မိဘတွေ၊ငွေတွေကိုအားမကိုးဘဲ သူ့ဘာသာသူအားကိုးပြီးရထားတဲ့ ပထမဆုံးအကျိုးရလဒ်ဖြစ်တာမို့ ပိုပျော်နေတာမျိုးပေါ့။

သူပထမဆုံးဖုန်းဆက်ဖြစ်တာက Yedamie Hyung။ ဒီကိစ္စရပ်ကြီးတစ်ခုလုံးကို အစအဆုံး သူ့ဘေးနားကနေ ကူညီပေးခဲ့သည်မလား။

"Hello Hyungလား ကျွန်တော် စာမေးပွဲအောင်သွားပြီ စကော်လာလည်းအရွေးခံရပြီသိလား"

"တကယ်လား ဂုဏ်ယူတယ်နော် Jeongwoo... Hyungတို့သေချာတွေ့ပြီးပြောရအောင်လေ"

"ဟုတ် Hyung အခုဘယ်မှာလဲ"

"​Hyungက စာပေဌာနမှာ ပါမောက္ခနဲ့ တွေ့နေတာ အခုလည်းပြန်လာနေပြီရယ်"

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now