သာယာတဲ့ မနက်ခင်းလေးအဖြစ် Ha Chaewonတစ်ယောက် သူမကိုယ် သူမ အထင်ကြီးပြီး အပြုံးလေးဝင့်ချီစွာနဲ့ အိပ်ယာကနေ ထလာတယ်။
ကိုယ်ကြည့်မရနေတဲ့ ကောင်လေးက Park Groupလို အကောင်ကြီးကြီးgroupကဆိုတော့လည်း ကောင်းသား။မကောင်းသတင်းဆိုတာနဲ့ တစ်ခါတည်း သတင်းစာမလိုဘဲ သိရမှာဆိုတော့.....
သူ့ကွန်ဒိုကို အပြင်ကနေ ဘဲလ်တီးနေတဲ့ သူက ဘယ်သူမှန်းမသိပေမယ့် Ha Chaewonက စိတ်အနှောင့်အယှက်ဖြစ်လာတာကြောင့် သွားကြည့်ရတော့တယ်။Cameraမှာပေါ်နေတဲ့ သားရေဂျာကင်ဟာ သူမရဲ့ သတို့သားလောင်းဖြစ်တယ်ဆိုတာကို ပြနေတာကြောင့် ပြာယာခတ်စွာနဲ့တံခါးကို အမြန်ဖွင့်လိုက်တယ်။
သူမဆီကို မြန်မြန်လျှောက်လာပြီး စိုက်ကြည့်နေတဲ့ Bang Yedamက သိပ်မကြာခင်မှာပဲ လည်ပင်းကိုလက်နဲ့ဖိကပ်ပြီး နံရံနဲ့တွန်းကပ်လိုက်တယ်။
"အစ်....အ.... ဘာလုပ်တာလဲ ငါ့ကိုလွှတ်စမ်း"
"လွှတ်ရမယ်ဟုတ်လား နင်ရူးနေပြီ Chaewon ငါ နင့်ကိုအတန်တန်ပြောခဲ့တယ် သူ့ကိုမထိပါနဲ့ လက်ဖျားလေးနဲ့တောင်ထိဖို့မကြိုးစားနဲ့လို့ ငါမပြောခဲ့ဘူးလား"
သူတို့ရဲ့မျက်လုံးတွေက စစ်ခင်းနေကြတာကိုမရပ်တဲ့အပြင် Bang Yedamကလည်း Ha Chaewonလည်ပင်းကိုလွှတ်မပေးသေးဘူး
"ငါက ဘာလုပ်မိလို့လဲ"
"ဟိုဆိုင်ကယ်နဲ့လူတွေကို နင်ငှားထားတာမှန်း ငါမသိဘူးထင်နေလား"
"သက်သေ...သက်သေရှိလို့လား"
"ဘာလို့မရှိရမှာလဲ ကားထဲက black boxကနေ နင်ငှားထားတဲ့ကောင်တွေကို စုံစမ်းထားပြီးပြီ နင့်ဆန္ဒတွေက ပြည့်တော့ ပြည့်မှာပါ ဒါပေမယ့် နင်က Jeongwooကိုမမြင်ရတော့မှာမဟုတ်ဘဲ Jeongwooက နင့်ကိုမမြင်ရတော့မှာ ဒီကိစ္စကို တရားဥပဒေနဲ့ပဲဆက်ပြောကြရအောင်"
"ငါ မှားသွားပါတယ် ငါ့ဘက်က အတွေးတိမ်သွားတာပါ ဒီကိစ္စကို ဥပဒေအပြင်ဘက်မှာပဲ ပြီးလိုက်လို့မရဘူးလား"
ခခယယနဲ့ ကိုယ့်အား ကျုိးနွံစွာ တောင်းဆိုလာသော လက်တစ်စုံကို ရိုက်ချပစ်ရင်း Bang Yedamက သူ့ရဲ့လက်ကိုပါ Ha Chaewonလည်ပင်းပေါ်ကနေ ဖယ်ပေးလိုက်တကယ်။အဲ့ဒီနောက်တော့ အနီးအနားမှာရှိတဲ့ စားပွဲပေါ်ကနေ တစ်ရှူးတစ်ရွက်ယူပြီး သူ့လက်ကိုသုတ်လိုက်တယ်။

YOU ARE READING
𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷ
Fiksi Penggemar[Burmese] 𝗛𝗮𝗿𝘂𝘁𝗼 × 𝗝𝗲𝗼𝗻𝗴𝘄𝗼𝗼 [completed] ➛ 𝗳𝗿𝗶𝗲𝗻𝗱𝘇𝗼𝗻𝗲 𝗮𝘂 ➛ 𝗼𝗻𝗲-𝘀𝗶𝗱𝗲𝗱 𝗹𝗼𝘃𝗲 ➛ 𝗳𝗹𝘂𝗳𝗳 ➛ 𝘄𝗿𝗶𝘁𝘁𝗲𝗻 𝗶𝗻 𝗕𝗨𝗥𝗠𝗘𝗦𝗘