13

417 72 2
                                    

ဖျားတော့မယ့် Jeongwooကို ဆေးထတိုက်ဖို့ Yoon Jaehyukတစ်ယောက် ညဘက် တရေးနိုးလာတယ်။ နှစ်ထပ်ကုတင်လေးပေမဲ့ Jeongwooက သူ့အိပ်ယာမှာမအိပ်ဘဲ ကိုယ့်ကုတင်စီပဲ မကြာမကြာလာမှေးတတ်တာကြောင့် အရင်ညတွေကလို ဘေးနားကိုကြည့်တော့ လူကမရှိ။ အပေါ်ထပ်သူ့ကုတင်မှာလည်း မရှိသလို ရေချိုးခန်းထဲလည်းမရှိတာကြောင့်.... **ဟာ သွားပြီ!!!! စီနီယာသိရင် ငါတော့သတ်ခံရတော့မှာ** Yoon Jaehyukက မချိမဆန့်မျက်နှာနဲ့ တစ်ညလုံးငုတ်တုပ်သာ ထိုင်စောင့်နေဖို့ ဆုံးဖြတ်လိုက်တယ်။

"လေတိုက်တာကို မင်းဘာလို့ဒီရောက်နေတာလဲ Ruto"

လသာဆောင်က လေတဖြူးဖြူး။ Park Jeongwooက သူ့အခန်းဖော်Hyungရဲ့ တွေ့ရာ အနွေးထည်ပါးပါးလေးတစ်ထည်ကို ကောက်ဆွဲဝတ်လာတာမို့ ချမ်းလို့နေတယ်။ လက်ပိုက်ရင်း ခုံတန်းရှည်ပေါ်မှာ ကြယ်တွေထိုင်ကြည့်နေတဲ့ Harutoကို Jeongwooက လှမ်းမေးလိုက်ခြင်းသာ ဖြစ်တယ်။

"ဒီလိုပါပဲကွာ ငါစိတ်ရှုပ်နေလို့"

"စိတ်ရှုပ်တိုင်း ကြယ်တွေ ထိုင်ကြည့်ရတာ မင်းဝါသနာလား"

ဘေးနားလာထိုင်ပြီး ေမးတဲ့ Jeongwooကို Harutoက မျက်စောင်းထိုးသလိုကြည့်လိုက်ပြီးမှ

"ဝါသနာရယ်တော့ ဘယ်ဟုတ်မလဲကွ! ဒီတိုင်း နက်ပြာရောင်ကောင်းကင်ကြီးက ငါ့စိတ်ကိုအေးစေလို့ပါ" လို့ အသက်ခပ်ပြင်းပြင်းရှူလိုက်ရင်းပြောတယ်။

"ဒါနဲ့ မင်းက လက်တကုပ်ကုပ်နဲ့ ဘာဖြစ်နေတာလဲ ချမ်းနေတာလား"

"အင်း ငါနည်းနည်း ဖျားချင်သလိုဖြစ်နေတာ ငါလည်း အခန်းထဲနေရတာ အဆင်မပြေတော့လို့ထွက်လာတာလေ"

"ဟ! ဟေ့ကောင် မင်းကိုယ်တွေ ပူလာတော့မယ် အခုတောင် နည်းနည်းပူသလိုရှိနေပြီ လေစိမ်းတွေ တိုက်တယ် မင်းအခန်းဆီ ပြန်တော့"

နှဖူးကို လာစမ်းရင်း ဆုံးမသလိုပြောတဲ့ Harutoရဲ့လက်ကို Jeongwooက ဖယ်ချလိုက်ပေမဲ့ သူ့စိတ်ထဲကတော့ Haruto သူ့ကိုစိတ်ပူပေးတာကို အတော်လေးသဘောကျနေတယ်။

"တော်စမ်းပါ Rutoရာ! ငါက ကလေးလည်းမဟုတ်တော့ဘူး 6နာရီလောက်က ငါဆေးသောက်ထားသေးတယ် ဘာမှမဖြစ်လောက်ပါဘူး"

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now