"ထပါအုံး Jeongwoo! Jeongwoo?"
မြေပြင်ပေါ်မှာခွေထိုးလဲကျသွားတဲ့ ကောင်လေးကိုမြင်လိုက်ရတာနဲ့ ဘာကိုမှမမြင်တော့ဘဲ ဦးဆုံးပြေးလာတဲ့သူက Haruto! ဒါပေါ့ Harutoက သူငယ်ချင်းကိုသိပ်ချစ်တာကို ဘယ်သူမှမမှီနိုင်တဲ့သူငယ်ချင်းအချစ်နဲ့တဲ့လေ
အနည်းငယ်လေးလံပေမယ့်လည်း ဒီလောက်ကတော့အဆင်ပြေပါတယ်။Jeongwooကို ကုန်းပိုးပွေ့ချီပြီး သူက ေကျာင်းဆေးပေးခန်းကိုအလောတကြီးပြေးနေမိတယ်။ဘယ်သူတွေနောက်ကလိုက်လာသလဲဆိုတာတောင် တွေးဖို့အာရုံရမနေဘူး သူ့စိတ်ထဲရှိတဲ့အရာက ရိုးရှင်းတယ်။သူ့အနားမှာ Jeongwooကိုအမြဲရှိစေချင်တယ်။အမြဲ အမြဲတမ်း...ထာဝရဆိုတဲ့စကားလုံးလေးအတွက် သူက နှဖူးကချွေးတွေ ခြေမကျသွားတဲ့အထိ ပြေးနေမိတယ်။
"ဆရာ! ကျွန်တော့်သူငယ်ချင်းလေးကိုကြည့်ပေးပါအုံး စိုးရိမ်ရလို့ပါ"
ကျောင်းဆေးပေးခန်းကို သူရောက်တာနဲ့ Harutoဟာ ဆရာဆီကိုပြေးသွားပြီး တရစပ်ပြောနေတဲ့ အကြောင်းအရာတွေဟာ စကားတစ်ခွန်းချင်းစီမှာ Jeongwooဆိုတဲ့နာမည်လေး မပါမဖြစ် ပါနေတယ်။အဲ့လူသားကို သူက အမည်ကင်ပွန်းတပ်ပေးထားတယ်။ကျွန်တော့်သူငယ်ချင်းလေးတဲ့။
လက်က သွေးကြောထဲကိုယိုစိမ့်ဝင်သွားတဲ့အပ်က ဆေးပုလင်းဖင်နဲ့ချိတ်ဆက်သွားတာကို Rutoကရပ်ကြည့်နေတယ်။ဒီလောက်ဖြစ်သွားရအောင်အထိ Jeongwooက ဘာလို့ကိုယ့်ကိုယ်ကို ဂရုစိုက်ရတာလဲ?
"သံဓာတ်လျော့ပြီး ဓာတ်ဆားဓာတ် မတည်ငြိမ်တာကလည်း ချွေးထွက်လွန်တော့ပိုဆိုးသွားတာပေါ့ မင်း အမြန် ရောက်လာတာ သိပ်ကောင်းတယ်"
Harutoက ခုံပုလေးပေါ်ထိုင်ပြီး Jeongwooရဲ့လက်ကိုကိုင်ထားတယ်။နာရီကို သူစိုက်ကြည့်တယ်။လက်တံလေးတွေက တဖြည်းဖြည်း ရွေ့လျားသွားခဲ့ပေမယ့် Rutoကတော့ နေရာမှာပဲဖင်ပူအောင် ထိုင်နေဆဲ။ရေတောင်ထမသောက်နိုင်လောက်တဲ့အထိ Jeongwooသတိရလာမဲ့အချိန်ကို သူစောင့်နေမိတုန်းမှာပဲ....
"Haruto-shi?"
"Moko-chan? ဘယ်လိုရောက်လာတာလဲ"
"ကျောင်းမှာပလူပျံနေတာလေ Haruto-shiက ကျောင်းဆေးပေးခန်းမှာရောက်နေတယ်ဆိုပြီး...mokoလည်း စိတ်ပူတာနဲ့ လိုက်လာလိုက်တာ"

YOU ARE READING
𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷ
Fanfiction[Burmese] 𝗛𝗮𝗿𝘂𝘁𝗼 × 𝗝𝗲𝗼𝗻𝗴𝘄𝗼𝗼 [completed] ➛ 𝗳𝗿𝗶𝗲𝗻𝗱𝘇𝗼𝗻𝗲 𝗮𝘂 ➛ 𝗼𝗻𝗲-𝘀𝗶𝗱𝗲𝗱 𝗹𝗼𝘃𝗲 ➛ 𝗳𝗹𝘂𝗳𝗳 ➛ 𝘄𝗿𝗶𝘁𝘁𝗲𝗻 𝗶𝗻 𝗕𝗨𝗥𝗠𝗘𝗦𝗘