မီးပုံလုပ်ထားတဲ့ ဝိုင်းမှာ လေးယောက်လုံးက ဖိနပ်လေးတွေခုပြီးထိုင်ဖြစ်ကြသည်။ marshmallowအတုံးလေးတွေကို တုပ်နဲ့ထိုးပြီး မီးနဲ့ကင်ကာ စားနေသည့် သူတို့ဝိုင်းကို တချို့ကို သနားလို့ထင်ပါသည်။ အသားကင်ချောင်းတွေအများကြီးလာပေးကြသည်။ ရုပ်ရည်ချောတာလေးလည်ူ ပါမှာပေါ့...
အားမနာတတ်တဲ့ အငယ်ဆုံးကလေး So Junghwanကတော့ လာပေးတဲ့သူတိုင်းကို 180°ဦးညွှတ်ပြီး မကန်တော့ရုံတမယ်လုပ်ကာ ပေးသမျှယူ၊ ကျွေးသမျှ စား လုပ်နေ၏။
"မက်ဂျူ ဘယ်သူသောက်မလဲ"
"ကျွန်တော် ကျွန်တော်"
ဘာနေနေ သောက်လိုက်၊စားလိုက်လုပ်တဲ့ Junghwanအသံက နေရာတိုင်းကိုလွှမ်းမိုးနေသည်။ မက်ဂျူဘူးတွေ ကိုင်ထားတဲ့ Kim Doyoungက ကားနောက်ခန်းကနေ အာလူးကြော်ထုပ်တွေပါ သမလာတော့တယ်။
"ဒီတိုင်းသောက်ရင် ပျင်းစရာကြီး! ဂိမ်းကစားရအောင်ကွာ ဘယ်သူ အသောက်နိုင်ဆုံးလဲ ပြိုင်မယ်"
"ကျွန်တော်မပါဘူးနော်"
"ကျွန်တော်လည်းမပါချင်ဘူး"
ငြင်းနေတဲ့ ညီဖြစ်သူနဲ့ Jeongwooကို Kim Doyoungက မိနစ်အနည်းငယ်ကြာကြာ စိုက်ကြည့်လိုက်မှ ပါပါ့မယ်လို့်ပြောင်းပြောကြသည်မို့ Doyoungနှုတ်ခမ်းတို့က ဂုဏ်ဆာအပြုံးကြီးနဲ့ တွန့်ကွေးသွားရသည်။
"ငါ တစ်ခါသုံး ခွက်သွားဝယ်လိုက်အုံးမယ် ဒီနားက မုန့်ဆိုင်တွေမှာရောင်းမယ်ထင်တယ်"
"ကျွန်တော်ပါလိုက်ခဲ့မယ်"
ခွက်သွားဝယ်ဖို့ ထွက်သွားကြသည့် ညီအကိုနှစ်ယောက်ကို Jeongwooတို့က စောင့်ရင်းနဲ့ပဲ ကမ်းခြေနဲ့မနီးမဝေးနေရာမှာ ကျန်ခဲ့သည်။အစားအသောက်မပြတ်တဲ့ Junghwanကိုလှမ်းကြည့်မိတော့ Jeongwooတစ်ယောက် သက်ပြင်းချတယ်။
"Junghwan-a! တကယ်လို့ Hyungကိုသာ နောက်က လိုက်မကြည့်နိုင်တော့ရင် အန်တီSuwonက ဘာလုပ်မယ်ပြောလဲ"
"နယ်ကိုပြန်ပို့မယ်တဲ့ အီဆန်ကိုပြန်ရမှာအဲ့ကြ"
"Junghwanieကရော ပြန်ချင်လား"
"ဟိုမှာရော ဒီမှာရောက တူတူပဲဆိုတော့ ကျွန်တော်က ဘယ်မှာပဲနေနေ အဆင်ပြေပြီးသား Hyungဘာဖြစ်လို့လဲ"
![](https://img.wattpad.com/cover/256830328-288-k164913.jpg)
YOU ARE READING
𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷ
Fanfiction[Burmese] 𝗛𝗮𝗿𝘂𝘁𝗼 × 𝗝𝗲𝗼𝗻𝗴𝘄𝗼𝗼 [completed] ➛ 𝗳𝗿𝗶𝗲𝗻𝗱𝘇𝗼𝗻𝗲 𝗮𝘂 ➛ 𝗼𝗻𝗲-𝘀𝗶𝗱𝗲𝗱 𝗹𝗼𝘃𝗲 ➛ 𝗳𝗹𝘂𝗳𝗳 ➛ 𝘄𝗿𝗶𝘁𝘁𝗲𝗻 𝗶𝗻 𝗕𝗨𝗥𝗠𝗘𝗦𝗘