16

432 73 6
                                    

"အပြင်သွားထားသေးလား မင်း"

Harutoက တံခါးပေါက်ကနေ အမြန်ဝင်လာပြီး ရေခဲေသတ္တာထဲက ရေဘူးကိုခွက်ထဲ ငှဲ့ပြီး အလောတကြီးသောက်ရင်း မေးလိုက်တယ်။သူတကယ် သိချင်ပါသည်။Park Jeongwooက လက်တွေတောင် ပြနေတယ်ဆိုတော့ အရေးကြီးတဲ့သူမို့လို့လား?

ဧည့်ခန်းမှာ ဆိုဖာကိုမှီပြီး မျက်လုံးမှိတ်ထားတဲ့ Jeongwooက ကိုယ်ကိုမတ်လိုက်ပြီး မယုံနိုင်သလိုပြန်ကြည့်လိုက်တယ်။**ငါနောက်ကနေ လိုက်လာတာ မင်း ရိပ်မိသွားတာလား?** Jeongwooက ဗျာများနေတဲ့ သူ့အတွေးတွေထဲ သူ ဒီနေ့အပြင်ထွက်ပြီး Harutoနောက် တကောက်ကောက်လိုက်ခဲ့တာကို ဘယ်နားက စမှားသွားမှန်း ပြန်တွေးနေသေးသည်။မင်းသိသွားလို့ မဖြစ်ဘူး... မင်းက ယောကျ်ားလေးတွေကိုမှ မကြိုက်တာ! ငါက မင်းအတွက် ဖြစ်တည်နေတဲ့ ဂေးတစ်ကောင်ဆိုတာ ဘယ်လိုပြောပြရဲမှာလဲ?

ပူထူနေတဲ့ ခေါင်းကို Jeongwooက မသိမသာကုတ်လိုက်ပြီး ငြင်းဖို့စတင်ကြိုးစားနေတယ်။သူအပြင်ထွက်တယ်ပဲထား... Harutoက ဘယ်ကိုလဲလို့ ဆက်မေးလာရင် သူ့မှာ ချစ်ရတဲ့ကောင်လေးကို တည့်တည်ကြည့်ပြီး လိမ်နိုင်လောက်တဲ့အထိ သရုပ်ဆောင်မပီပြင်သေးဘူးလေ...

"ဘာလို့မေးတာလဲ မင်းက"

"မင်း အဝတ်အစားတွေကိုလည်း ပြန်ကြည့်အုံးလေ အိမ်နေရင်းဝတ်နဲ့တူလို့လား"

Harutoကလည်း အလျှော့မပေး၊ သူသိချင်တာ သိရဖို့ အတင်းမေးရန် ဆုံးဖြတ်ပြီး မီဖိုချောင်ထဲကနေ ဧည့်ခန်းဆီရောက်လာပြီ။ချွေးနည်းနည်းစို့နေပြီဖြစ်တဲ့ Park Jeongwooရဲ့ ဘယ်ဘက်ခြမ်း ဦးခေါင်းတစ်ဖက်ကိုတော့ ညာဘက်ခြမ်းခုံပေါ်မှာ ထိုင်နေတဲ့ Harutoမမြင်နိုင်ပါ။

"ဒါက အိမ်နေရင်းစတိုင်လ်ပဲလေ ငါအိမ်မှာပဲရှိနေတာရယ် ဘယ်မှမသွားဖြစ်ပါဘူး"

"ငါက မင်းသွားတယ်ထင်နေတာ ဒါနဲ့ ဒီည လိုက်မလား"

"ဘယ်လဲ ကလပ်လား မလိုက်ဘူးနော် ဆရာရေ"

"ဘယ်ကလာ! Junkyu Hyungက သူ့ရည်းစားရသွားလို့တဲ့ ဂီတကလပ်ကလူတွေကို ညစာလိုက်ကျွေးမယ်ဆိုပြီး group chatထဲ ပို့ထားတာ"

"ဟုတ်လား လူ​ေတာ့ရှုပ်လောက်တယ်"

Park Jeongwooက gentleဆန်တဲ့ကောင်လေးဖြစ်သလို လူများတဲ့နေရာတွေ၊ ကလပ်တွေကိုမကြိုက်ဘဲ လူအိုတွေသွားတဲ့ meditation centerတို့ Yoga courseတို့ မိဘမဲ့ဂေဟာတို့သာ သွားတတ်တာကို Harutoက သိနေတယ်။ပုခုံးတွန့်ပြပြီး TV remote ကို onလိုက်တယ်။

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now