11

399 75 6
                                    

"ကဲ မင်းတို့ကို ဝမ်းသာစရာသတင်းပြောပြမယ်!"

ကလပ်ခေါင်းဆောင် Kim Junkyuရဲ့ လက်ခုပ်တီးပြီးအော်သံအဆုံး လေ့ကျင့်နေကြတဲ့ ကျွန်တော်တို့တွေ လှည့်ကြည့်လိုက်ကြတယ်။

"ငါတို့ကျောင်းကို နောက်အပတ် Yirumaလာမှာ comfirmသွားပြီဆိုတော့ ငါတို့leader teamကနေ မင်းတို့ထဲက အတော်ဆုံးတစ်ယောက်ကို yirumaရဲ့ ကြိုဆိုနှုတ်ဆက်ပွဲမှာ တီးမှုတ်ခိုင်းမယ်"

ဂျောင်ဝူးက ခုန်ကမတတ်ပျော်သွားတယ်။ တစ်နည်းပြောရရင် mommyက တူရိယာမျိုးစုံကို သင်ပေးခိုင်းခဲ့ပေမဲ့ Jeongwooက စန္ဒယားကိုသာ အကြိုက်ဆုံးဖြစ်ခဲ့တယ်။ မျုိးချစ်ပုဂ္ဂိုလ်လေး Park jeongwooအတွက်တော့ Yirumaက idolကြီးဖြစ်နေခဲ့တယ်! Yirumaရဲ့ ဂီတစာစဥ်တွေကို အမြဲဝယ်နေတတ်တဲ့ သူ့ရဲ့ fan boyဘဝလေးကတော့ rick kidသာ မဖြစ်ခဲ့ဘူးဆိုရင် ငမွဲfan boyလေးဘဝကို ရောက်နေမှာအမှန်ပါပဲ!

"ပျော်နေပြီလား ငါ့ကောင်"

Harutoက Jeongwooကို ပုခုံးချင်းလှမ်းတိုက်ပြီး မေးလိုက်တော့ ခေါင်းတငြိမ့်ငြိမ့်နှင့် မျက်ရည်လေးစမ်းတမ်းစမ်းတမ်း လုပ်ပြီး "အင်းပေါ့ကွ ပျော်တာပေါ့ဟ"ဟုသာ ဖြေနေတော့တယ်။ တစ်ပတ်မတိုင်ခင်မှာ Jeongwooကတော့ ကလပ်မှာဆို စန္ဒယားတစ်ခုနဲ့အလုပ်ရှုပ်နေတတ်တယ်။ Harutoနဲ့အရင်လို လေဖုတ်မနေဘဲ အတန်းချိန်မှာတင် ဆရာပေးတဲ့ အိမ်စာတွေပြီးအောင်လုပ်တယ်။ တစ်ပတ်လုံးလုံး ညစာကို ခေါက်ဆွဲတစ်ဘူးနဲ့ပြီးကာ လသာဆောင်မှာ ည1ချက်လောက်ထိ ခိုးလေ့ကျင့်ပြီးမှ အဆောင်ကိုပြန်အိပ်ဖြစ်နေတယ်။

Harutoကတော့ 'မင်းပရိသတ်ဘဲလုပ်မယ်'ဆိုပြီး ပေါ့ပေါ့လေးနေနေတာကြောင့် Park Jeongwooက အမြဲခေါင်းရမ်းပြီး "လာပြန်ပြီ ဒီစကားပဲ"လို့သာ မှတ်ချက်ချတတ်တယ်။ လသာဆောင်မှာ လေ့ကျင့်တဲ့တစ်လျှောက်လုံးမှာ Rutoက တစ်ပတ်လုံးလုံး အ​ေဖာ်လိုက်ပေးပြီး ည11လောက်ဆို သူ့အခန်းသူ ပြန်အိပ်နှင့်တယ်။ ဒီလိုသူငယ်ချင်းမျိုးရှားမှရှားလို့ Jeongwooက ကြွားချင်ပေမဲ့ သူသေချာသိတာက Harutoကို သူ သူငယ်ချင်းလို သဘောမထားနိုင်တာတစ်ခုပင်။

တစ်ပတ်ဆိုတဲ့ အချိန်ဟာ သိပ်မကြာခဲ့ပါဘူး။ နောက်ဆုံးတော့ မျှော်လင့်နေတဲ့ရက်ကြီးရောက်လာခဲ့ပြီး Jeongwooတစ်ယောက်က စိတ်လှုပ်ရှားနေတယ်။ testလုပ်တုန်းကလည်း ပထမနေရာက ဝင်ခဲ့ပြီး Jaehyuk Hyungကူပြောပေးလို့ ကလပ်ခေါင်းဆောင် Junkyu Hyungက  ကျွန်တော့်ကို Yirumaပွဲမှာ စန္ဒယားတီးစေခဲ့တယ်။ ရီဟာဆယ်တွေ ဘာတွေလည်းကြိုမကျင့်ရတော့ Park Jeongwooက အရမ်းကို စိတ်အလှုပ်ရှားနေတယ်။

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now