အဆောင်ရောက်တော့ Jeongwooက ဘိုင့်ဘိုင်တစ်ချက်သာ ပြောပြီး ဖလက်ပြနေတဲ့ လူလို မျက်ဖြူစိုက်ရင်း ချွေးတဒီးဒီးကျနေတာကို မသုတ်ပဲ သူ့အခန်းထဲ သူ ဝင်သွားနှင့်တယ်။ အချိန်လည်း မစောတော့တာမို့ ကျွန်တော်လည်း သူ့အခန်းနဲ့ မျက်နှာချင်းဆိုင်က ကိုယ့်အခန်းကိုယ် ဝင်လာလိုက်တယ်။ အခန်းထဲမှာတော့ မှောင်မဲနေတယ်။ သေချာတာတော့ Junkyu Hyung ပြန်မရောက်သေးဘူး။
နွေရာသီကြီးပေမဲ့လည်း ပင်ပန်းလာတာမို့ နှုန်းနေတဲ့ ခန္ဓာကိုယ်ကြီးကို ရေနွေးနွေးလေးနဲ့ပဲ ချုိးလိုက်တယ်။ ခေါင်းပါတစ်ခါတည်း လျှော်လိုက်တော့ 17အထိမြှင့်ထားတဲ့ Airconကို အအေးလျှော့လိုက်ပြီး စိုနေတဲ့ ခေါင်းကို တဘက်နဲ့ သုတ်နေလိုက်တယ်။
မခြောက်သေးတဲ့ခေါင်းကို Dryerမှုတ်နေတုန်း Notiတစ်ချက် ဝင်လာလို့ကြည့်လိုက်တော့ ဂီတကလပ်မှ Mailတစ်ခု။ Congratulationsဆိုသော စာသားလေးနဲ့ ငွေမှင်ရောင် ဒိုင်းဆုပုံလေးက
ကျွန်တော် ဒုတိယဖြစ်သွားမှန်းကို သိသာစေတယ်။"ဒုတိယဖြစ်တော့ ဘာအရေးလဲ အရေးကြီးတာ ငါတို့နှစ်ယောက်ကြားက friendship"
ဖုန်းလေးကို စားပွဲပေါ်ပြန်တင်လိုက်ပြီး Harutoတစ်ယောက် ပြုံးပြုံးကြီးနဲ့ပဲ အိပ်ယာဝင်သွားလေရဲ့။
ဟိုဘက်အခန်းက ကောင်ငယ်လေးကတော့ သူ့သူငယ်ချင်းလေး ပထမ မရလို့ဆိုပြီး တောင်လျှောက်လိုက် မြောက်လျှောက်လိုက်နဲ့ လက်သည်းကိုက်ရင်း အလုပ်ရှုပ်နေခဲ့တယ်။ ထိုညက Jeongwooတစ်ယောက် လသာဆောင်ကိုပင် မသွားနိုင်တော့ပဲ အစောကြီး အိပ်ပျော်သွားခဲ့တယ်..... Harutoကို ရင်မဆိုင်နိုင်လို့လား ဗိုက်တင်းနေလို့လားဆိုတာတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်!
..................................... 🎸🎶
မနက်ရောက်တော့ Jaehyuk Hyungရဲ့ ကုတင်ေပါ်မှာ နိုးလာတာဖြစ်တယ်။ ညက ဗိုက်တင်းလွန်ပြီး ပင်ပန်းတာနဲ့ ကုတင် မှားအိပ်မိသွားတာပဲ ဖြစ်ပါလိမ့်မယ်။ ကုတင်ပတ်လည်ကို ကြည့်လိုက်တော့ ဘယ်သူမှမရှိ။ သေချာတာတော့ Hyung ထသွားရင် သွား၊ မသွားရင်လည်း အပေါ်ထပ်က ကျွန်တော့်အိပ်ယာမှာ ဆက်အိပ်နေတာပဲ ဖြစ်လောက်တယ်!

YOU ARE READING
𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷ
Fanfic[Burmese] 𝗛𝗮𝗿𝘂𝘁𝗼 × 𝗝𝗲𝗼𝗻𝗴𝘄𝗼𝗼 [completed] ➛ 𝗳𝗿𝗶𝗲𝗻𝗱𝘇𝗼𝗻𝗲 𝗮𝘂 ➛ 𝗼𝗻𝗲-𝘀𝗶𝗱𝗲𝗱 𝗹𝗼𝘃𝗲 ➛ 𝗳𝗹𝘂𝗳𝗳 ➛ 𝘄𝗿𝗶𝘁𝘁𝗲𝗻 𝗶𝗻 𝗕𝗨𝗥𝗠𝗘𝗦𝗘