Final

837 72 32
                                    


ယခုလက်ရှိအချိန်ကာလ။

ဘယ်သူမှထင်မထားခဲ့သလိုပါပဲ Jeongwooဟာ သူ့ရဲ့ စန္ဒယားတီးရတဲ့အလုပ်ကို သက်မွေးဝမ်းကျောင်းမပြုခဲ့ဘဲ အဲ့ဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အလုပ်ကိုရှာတွေ့ခဲ့တယ်။ စိတ်ထွက်ပေါက်ရဖို့ သူဟာ ဘွဲ့ရပြီးပြီးချင်းမှာပဲ "Justin Jikb" ကလောင်နာမည်နဲ့ ဝတ္ထုတွေစရေးဖြစ်ခဲ့တယ်။

အထီးကျန်မှုတွေကို စာမူတွေထဲအတင်းထိုးသွင်းခဲ့လို့ အောင်မြင်ခဲ့တယ်ဆိုတာကိုတော့ လူတွေ သိပ်မသိကြပေ။သူ့ရဲ့ တစ်နေ့တာဘဝက စာရေးတဲ့အခန်းထဲမှာကုန်ဆုံးပြီး နေရောင်နဲ့သိပ်မထိတွေ့ရတာ​ကြောင့် မျက်မှန်ပါဝါကနေ တိုးသထက်တိုးနေပြီသာ။

မျက်နှာမဖော်လိုတဲ့ စာရေးဆရာဖြစ်တာကြောင့် လွန်ခဲ့တဲ့နှစ်တွေတည်းက သူ့စာမူပရိသတ်တွေဟာ Jeongwooရဲ့ရုပ်ရည်နဲ့ပက်သက်ပြီး naver forumမှာပါဆွေးနွေးခဲ့ကြသည်။ထိုဆွေးနွေးမှုက နာမည်ကြီးသွားခဲ့ပြီး အင်း.... အခုချိန်မှာတော့ သူ့မျက်နှာကိုထုတ်ပြရုံကလွဲပြီး တခြားရွေးချယ်စရာမရှိတော့​ေပ။

"စာရေးဆရာJeongwoo-si! ခနနေ စာအုပ်သစ်မိတ်ဆက်ပွဲနဲ့ signထိုးမဲ့ပွဲ စပြီနော်"

"ဟုတ်ကဲ့ ကျွန်တော် အဆင်ပြင်ထားလိုက်ပါ့မယ်"

Koreaနိုင်ငံတစ်နိုင်ငံလုံးရဲ့ ဆယ်ကျော်သက်အရွယ်ကအစ
လက်ဖျားက မချချင်လောက်အောင်
ကောင်းတဲ့စာအုပ်ကို ရေးခဲ့တဲ့သူမို့ ပွဲစီစဥ်သူနဲ့ သူ့ရဲ့စာအုပ်တိုက်ကအစ Jeongwooအပေါ် လေးလေးစားစားပြောကြသည်ါ

အသားနဲနဲညိုပေမယ့်လည်း သူ့အသားအရေက စိုပြေနေပြီး အညိုရောင်ဆိုးထားတဲ့ ပွပွယယလေးဖြစ်အောင်ပုံဖော်ထားမို့ အသက်၃၀ လူလတ်ပိုင်းနဲ့မတူပဲ (၂၀)ကျော် ကောင်လေးနဲ့ပိုတူတာ​တော့ ဟအမှန်။

"I feel fulfilled to be
fake protagonist of U"

စာအုပ်ခေါင်းစဥ်ဟာ Koreaရဲ့လက်ရှိရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်ရုံသာမက ပြည်ပနိုင်ငံတချို့မှာလည်း translation စာအုပ်တွေကို့လုအယက်ထုတ်လုပ်၊ဝယ်ယူနေကြတဲ့ နာမည်ကြီးစာအုပ်ဖြစ်တယ်။

Jeongwooထုတ်သမျှ စာအုပ်တွေဟာ အကုန်လံားနီးပါးလိုလို ဟိုးလေးတကျော်ကျော်ဖြစ်တတ်ပြီး လက်မချတမ်းကောင်းနေပေမယ့်လည်း ယခုနာမည်ကြီးနေတဲ့ ထိုစာအုပ်ကိုတော့မမှီသေး။

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now