23

317 59 6
                                    

စန္ဒယားအဖြူရောင်ပေါ်မှာ လက်သည်းနီနီတို့ ဖုံးလွှမ်းနေတဲ့ လက်အစုံက လှုပ်ခတ်နေတယ်။Moonlight Sonataတီးလုံးကြီးကို အမှားမရှိပဲ အခြေခံပိုင်ပိုင်တီးနေပေမဲ့ တီးခတ်​နေသူ အမျိုးသမီးရဲ့မျက်နှာက ဂီတကိုစီးမျောနေခြင်းမရှိ။ အပြုံးအရယ်မရှိ၊ အငိုအယိုမရှိ၊ ခံစားချက်မရှိပဲ လက်တို့လှုပ်ခတ်ရာကိုပဲ လိုက်ပါနေတယ်။

သံစဥ်ဆုံးသွားတော့ ပွဲလာပရိသတ်တွေက ပြည့်စုံလွန်းတဲ့ အတီးပိုင်ရှင် အမျိုးသမီးကို လက်ခုပ်ဩဘာဝိုင်းတီးပေးနေကြ​ပေမယ့် ထိုလူတွေအထဲတော့ Bang Yedamဆိုတဲ့ လူသားမပါ။ သူက မျက်လုံး​တေွနဲ့ပဲ သူ့ဆီလျှောက်လာတဲ့ အဲ့ဒီအမျိုးသမီးကို စိုက်ကြည့်ပေးလို်က်တယ်။

"ဘာလဲ! နင် ငါ့မွေးနေ့ကို စျာပနပွဲလို့များမှတ်နေလား နည်းနည်းလောက် ပြုံးပါအုံး"

Bang Yedamက ပတ်ဝန်းကျင်က သူတို့ကိုစိုက်ကြည့်နေတဲ့ မျက်လုံးတွေကြောင့် သရော်သလို ရီမောသံတစ်ခု ထုတ်လွှတ်ရင်း ပြုံးပြလိုက်တယ်။

"လက်ဆောင်ရော?"

"Chaewon-a, လက်ဆောင်ဆိုတဲ့ အရာက လိုသေးလို့လား"

"လိုတာပေါ့ နင်နဲ့ငါက စေ့စပ်ထားတဲ့လူတွေလေ အများအမြင်မှာ တင့်တယ်ဆီလျော်နေဖို့်လိုတယ်"

"ဟုတ်ပြီလေ အဒေါ်Sooကို နက်ဖြန် ပို့ပေးလိုက်မယ် နင်ဘာလိုချင်သလဲ"

ကျွန်တော့်အပြောကိုကြားတော့ Chaewonက ရယ်တယ်။ဆွဲမော့ခံလိုက်ရတဲ့ Bang Yedamရဲ့ မေးစေ့ဟာတော့ Ha Chaewonရဲ့ လက်သည်းရှည်တွေ ပေါ်မှာ နေရာယူသွားတယ်။

"ငါဘာလိုချင်လည်း နင်သိပါတယ်"

"မဖြစ်နိုင်တဲ့အရာတွေကို နင်က မျှော်မှန်းနေတာပဲ Ha Chaewon"

"ဘာလဲ? ပဲရစ်ကနေ ကိုးရီးယားမြေကို ေခြချလိုက်တာနဲ့ ချက်ချင်းကြီး သဘောထားအမှန်တွေ ထုတ်ပြလာတာလား"

"နင်ထင်ချင်သလိုထင်ပေါ့"

Bang Yedamက သူ့မျက်နှာကိုထိနေတဲ့ Ha Chaewonရဲ့ လက်တွေကို ဖယ်ထုတ်ပစ်လိုက်ရင်း မဲ့ပြုံးတစ်ချက်လုပ်ယူလိုက်တယ်။

"နင် ဘာတွေဇယားရွှေ့နေတာလဲ ငါသိတယ်နော် အဲ့ဒီကောင်လေးအတွက်နဲ့ နင့်မိဘတွေသဘောထားကိုမကြည့်တော့ဘူးလား Yedam!"

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now