30

364 59 6
                                    

Jeongwooက သူပြန်လာတဲ့လမ်းမှာ နောက်ကျောမလုံသလိုရှိလာတာမို့ နောက်ကို ခနခနလှည့်ကြည့်နေမိတယ်။တစ်ယောက်ယောက်လိုက်လာတယ်ဆိုရင်တောင် အဲ့ဒီလူက Junghwanieဖြစ်နေရင် ကိစ္စမရှိ။ တခြားသူသာဆိုရင်တော့ သူဘယ်လိုလုပ်ရမလဲမသိ။

ခြေလှမ်းတွေ ခပ်သုတ်သုတ်လျှောက်လိုက်ဖို့ အရှိန်တင်ပြီး Taxiတစ်စီး အမြန်ငှားရတော့တယ်။အနီးအနားမှာရှိတဲ့ Shopping mallတစ်ခုမှာ ဝင်ပြီး လူတွေကြားထဲ တိုးဝှေ့နေလိုက်တယ်။

အနည်းဆုံးတော် တစ်ယောက်တည်းမဟုတ်တော့ဘူးပေါ့။ ခပ်မြန်မြန်ပဲ သူက ဖုန်းကိုထုတ်ပြီး So Junghwanဆီ ခေါ်ရတော့တာပဲ ဒီကောင်လေးသာဆို သူ့နောက်ကို ဒီလိုခိုးကြောင်ခိုးဝှက်လိုက်နေမှာမဟုတ်... မုန့်ဝယ်ကျွေးဖို့ တကြော်ကြော်အော်ပြီး ပြောနေမှာမလား?

"ဟယ်လို? Hyung ဘာကိစ္စရှိလို့လဲ"

"M Shopping mallဆီ လာခဲ့မလား ​ေဟာ့ဒီက Hyungက Junghwanieကို မုန့်ဝယ်ကျွေးမလို့လေ"

"ရက်စ်ဆား ဆယ့်ငါးမိနစ်ပဲစောင့်"

စာအုပ်တွေကို အမြန်သိမ်းနေတဲ့ အသံကြားရတာကြောင့် Jeongwooတစ်ယောက်တွေးမိသွားတယ်။အလကား ဒီဂျူနီယာလေး စာလုပ်နေတာကို နှောင့်ယှက်မိသလိုဖြစ်သွားပြီလား....

အရေးဟဲ့ အကြောင်းဟဲ့ဆို သူငယ်ချင်းမရှိတာက သိပ်အားငယ်စရာကောင်းတာပဲ

ခေါ်စရာ သူငယ်ချင်းဆိုလို့ မင်းတစ်ယောက်ပဲရှိနေတာကလည်း ငါ့ရဲ့အားနည်းချက်ပဲထင်တယ် Haruto!

Jeongwooက တုံ့ဆိုင်းနေပေမယ့် သူ့ဖုန်းနံပါတ်ရဲ့ 1မှာ speed dial numberအဖြစ်ထားထားတဲ့ Harutoဆိုတဲ့ contactလေးကိုမခေါ်မိလိုက်ပါဘူး။ သူချစ်ရတဲ့သူက တခြား ချစ်ရတဲ့သူနဲ့အတူရှိနေတော့ ပျော်နေမှာပဲလေ အဲ့အပျော်တွေကို ပျက်မသွားစေချင်ဘူး။

ခနအကြာမှပဲ အလင်းရဲ့အမြန်နှုန်းနဲ့ သူထိုင်နေတဲ့ Hotpotဆိုင်ကို ချွေးတလုံးလုံးနဲ့ ရောက်လာပုံထောက်မှတော့ Jeongwooက သိလိုက်တယ်။ သေချာပြီ So Junghwanဆိုတဲ့ အစားပုပ်လေးက ေမာ်တော်ဆိုင်ကယ်စီးပြီးလာခဲ့တာပဲ။

"မခေါ်စဖူး Hyungက ခေါ်တော့ အပြန်ကြ ကျွန်တော် ထီဝင်ထိုးရရင် ကောင်းမလားပဲ"

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now