**ကိုရီးယားမြေရဲ့ ညဘက် လေစိမ်းတွေက Harutoနဲ့ မစိမ်းသက်ေတာ့ပေမဲ့ ကျွန်တော်နဲ့တော့ ကီးမကိုက်ကြဘူးထင်ပါရဲ့...**
လသာဆောင်မှာ ထားထားတဲ့ နှစ်ထပ်ကုတင်အပျက်လေးပေါ်မှာ ထိုင်နေရင်း တိုက်လာတဲ့ လေအေးအေးကြီးကြောင့် Jeongwooတစ်ယောက် သိမ့်ခနဲ ကြက်သီးထသွားတာနဲ့အမျှ စိတ်ထဲမှာ ညည်းညူနေတယ်။
"မင်း ချမ်းနေလို့လား"
"အင်း ငါ ဟိုမှာနေခဲ့တုန်းကဆို ညဘက်လည်း သိပ်မအေးဘူးလေ နေ့ခင်းဆိုလည်း ဒီကထက် ပိုပူတယ်"
"ဟိုမှာဆိုတာက Australiaကိုပြောတာလား"
"အင်းလေကွာ မင်းကလည်းကြောင်တောင်တောင်နဲ့"
"ချမ်းနေတာကိုများ ဘာလို့လိုက်လာသေးတာလဲ..... ကိုယ့်အခန်းထဲကိုယ် မနေဘဲနဲ့"
"မင်း Guitar ခိုးကျင့်နေမှာဆိုးလို့ဟေ့ ဟုတ်ပြီလား ငါ့ကောင်ရဲ့"
"ငါ တစ် ရသွားမှာ အဲ့လောက်ကြောက်နေတာလား Park Jeongwoo-shi"
"ငါက မင်းလက်က ဒဏ်ရာတွေမပျောက်သေးဘဲ အရမ်းကြီးလေ့ကျင့်နေမှာဆိုးလို့လေ... တစ်ရဖို့အတွက်လည်း ငါစိတ်မဝင်စားပါဘူးကွာ ငါ့Mom... အဲ မေမေက မေဂျာမှာ Roll 1ရရင်သာ ကျေနပ်ပြီတဲ့လေ "
"မင်းက မင်းမေမေ့ကို သိပ်ချစ်တာပဲလား Jeongwoo"
ကျွန်တော် တွေဝေသွားတယ်။ Harutoရဲ့ မေးခွန်းအတွက် ကျွန်တော့်မှာဖြေစရာမရှိဘူးလို့ ထင်မိတယ်... Mommyကို ကျွန်တော် ချစ်ပါတယ် ဒါပေမဲ့ အရမ်းချုပ်ချယ်လွန်းတဲ့ Mommyကို သိပ်နာကျည်းတယ်။ သေချာတာတော့ ကျွန်တော် သူမနဲ့ အတူမနေချင်သေးပါ... စာမေးပွဲတစ်ဖြတ်ဖြေပြီးလို့ အိမ်တွေပြန်ခိုင်းရင် Mommyတို့ရှိတဲ့ ထိုခြောက်ကပ်ကပ် အိမ်ကြီးကို ြပန်မသွားချင်ဘူး...
"ဟင့်အင်း.... ငါ Ommaကို အရမ်းမချစ်ပါဘူး ငါက လိမ္မာချင်တာ Ruto လိမ္မာတဲ့ ကောင်ငယ်လေးတစ်ယောက် ဖြစ်နေရရင် တော်ပြီပေါ့ကွာ"
ကြယ်တွေ မှိတ်တုပ်မှိတ်တုပ်နဲ့ လင်းလက်နေတဲ့ နက်ပြာရောင်ကောင်းကင်ကြီးကို Jeongwooက ကြည့်ပြီး ပြောေနတယ်။

YOU ARE READING
𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷ
Fanfiction[Burmese] 𝗛𝗮𝗿𝘂𝘁𝗼 × 𝗝𝗲𝗼𝗻𝗴𝘄𝗼𝗼 [completed] ➛ 𝗳𝗿𝗶𝗲𝗻𝗱𝘇𝗼𝗻𝗲 𝗮𝘂 ➛ 𝗼𝗻𝗲-𝘀𝗶𝗱𝗲𝗱 𝗹𝗼𝘃𝗲 ➛ 𝗳𝗹𝘂𝗳𝗳 ➛ 𝘄𝗿𝗶𝘁𝘁𝗲𝗻 𝗶𝗻 𝗕𝗨𝗥𝗠𝗘𝗦𝗘