10

410 69 2
                                    

မနက်ပိုင်းအတန်းချိန်တွေပြီးတော့ ကျွန်တော်တို့နှစ်ယောက်လုံး တိတ်ဆိတ်နေကြတယ်။ ငါများ ဘာစကားမှားသွားလဲဆိုပြီး တွေးသာတွေးနေတာ တကယ်တမ်းကြ ဘာမှလည်း မှားမပြောမိဘူးလို့ထင်နေတယ်။ ဂီတကလပ်ကိုသွားဖို့ ဓာတုမေဂျာဆောင်ဘက်က ဖြတ်လျှောက်ရတော့ ကျောင်းအလယ်က ရေကန်ကြီးကိုပါ ဘေးက​ေန ဖြတ်လျှောက်ရတယ်။ ရေကန်ဘေးနားက သစ်ပင်ကြီးတွေရဲ့ အရိပ်အောက်မှာတော့ သစ်သားခုံတန်းကိုယ်စီနဲ့ အတန်းလစ်ပြီး အတွဲခိုးချိန်းနေတဲ့သူတွေက ဟိုတစ်စဒီတစ်စ ရှိနေသေးတယ်။

"Jeongwoo...Jeongwoo!"

ပြန်မပြော။ ပြောဖို့နေနေသာသာ လှည့်ကိုမကြည့်။ ကျွန်တော့်ရှေ့ကနေ သူရဲ့ဘေးတစ်စောင်းလွယ်အိတ်က ကြိုးကို လက်နဲ့အတင်းကိုင်ပြီး ခေါင်းကြီးငုံ့ရင်း ဆက်သွားနေတယ်။

"Jeongwoo... Jeongwooလို့..."

တစ်ချက်သာလှည့်ကြည့်ပြီး ရှေ့ကိုပြန်လှည့်ကာ ဆက်သွားနေတယ်။ စိတ်မရှည်လို့ လက်ကိုလှမ်းဆွဲလိုက်တော့ "ကျစ်"ဆိုတဲ့ ပါးစပ်စုတ်သံက ကျွန်တော်တို့နှစ်ယောက်ကြားက တိတ်ဆိတ်မှုတွေကို ဖြိုခွဲသွားစေတယ်။ မော်ကြည့်လာတဲ့ သူ့အကြည့်တွေက စိတ်ပျက်နေသယောင်ယောင်ရှိပေမဲ့ ကျွန်တော် ဘာမှားသွားတာလဲဆိုတာကိုတော့ မေးမှဖြစ်တော့မယ်မလား။

"Jeongwoo! ငါ့ကို စကားပြန်ပြောပါအုံးကွ ငါ မင်းအဲ့လိုလုပ်ရင်... ငါမနေတတ်ဘူး"

"ငါ့မှာ ပြောစရာမရှိဘူးလေ Ruto! ငါတို့ ကလပ်ပဲသွားရအောင်"

"မင်း တစ်ခုခုဖြစ်နေတယ်မလား ငါ့ကိုစိတ်ဆိုးနေတာလား ငါဘာအမှားလုပ်မိလို့လဲ မင်းပြောလေ မင်းပြောမှ ငါသိမှာပေါ့"

"ငါ စိတ်မဆိုးဘူး ဒီတိုင်း... ငါ စိတ်မကြည်လို့"

"မဟုတ်ဘူး မင်း ငါ့ကိုစိတ်ဆိုးနေတယ်ဆိုတာ ငါသိတယ် ဘာလို့လဲ"

"ငါ အတည်စိတ်မဆိုးဘူးလို့ ပြောနေတယ်လေ"

ကျွန်တော် ဆွဲထားတဲ့ သူ့တံတောင်ဆစ်က လက်တွေကို ဖယ်ချပြီး အော်လာတယ်။ ဒါ ပထမဆုံးပဲ။ သူ ကျွန်တော်နဲ့ပေါင်းလာတဲ့ဒီတစ်လျှောက်လုံး ပထမဆုံး သူအော်တာ ခံရခြင်း။

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now