"ဟိတ်! မင်းသူငယ်ချင်းကို ဒီစာလေး ပေးပေးလို့ရမလား"Jeongwooက clubက လူတွေ ဂိမ်းဆက်ကစားနေတဲ့ ပွဲထဲ ဝင်မပါချင်တော့တာတောင် အပြင်မှာ ထွက်ထိုင်နေတာဖြစ်တယ်။အရည်လေးနည်းနည်းဝင်တာနဲ့ မူးတတ်တဲ့သူ့အကျင့်ကြောင့် မျက်နှာသစ်ဖို့ သန့်စင်ခန်းဆီကိုပြေးရတော့တယ်။သန့်စင်ခန်းက အထွက် လာမေးတဲ့ ကောင်မလေးတစ်ယောက်ကြောင့် သူမော့ကြည့်မိတယ်။
"ဘာကိုလဲ"
"ဒီလက်ဆောင်ဘူးကိုလေ"
"Rutoကိုလား"
"အင်းဟုတ်တယ် Harutoဆီကို!"
"ရပါတယ် ယူသွားပေးပါ့မယ်"
နည်းနည်းတော့ စိတ်ကသိကအောင့်ဖြစ်မိပေမယ့် သူမကလည်း Rutoရဲ့ နံပါတ်လေးဖြစ်လာမယ်ဆိုတာ ကြိုသိနေတယ်။ဒါပေမယ့် တွဲပြီးရင်ပြတ်မယ်ဆိုတာသိလို့ သိပ်ကြီးတော့ မခံစားရတော့ဘူးပေါ့။လူတိုင်းက ကိုယ့်အကြိုက်နဲ့ကိုယ်ဆိုတော့ သူများတွေRutoကို လာကြိုက်နေတာကိုလည်း တားလို့မှမရဘဲ။အနည်းဆုံးတော့ သူတို့က ပိုကံကောင်းသေးတယ်။ခနလောက်ဖြစ်ဖြစ် တွဲလိုက်ရသေးလို့!
ဝိုင်းဖွဲ့ပြီး လက်ထဲမှာ ဆိုဂျူတစ်ခွက်ကို ကိုင်ထားရင်း ထိုင်နေတဲ့ လူဆီကို သွားလိုက်တယ်။လက်ဆောင် ကောက်ကာငင်ကာကြီး ပေးလိုက်တော့
"ဒါ ဘာကြီးလဲ မင်းပေးတာလား"
"မဟုတ်ဘူး ကောင်မလေးတစ်ယောက် လာပေးသွားတာ စားစရာထင်တာပဲ အမူးပြေအောင်စားလိုက်"
စကားအရ ပြောလိုက်ပေမဲ့ လက်ထဲက ဖဲပွင့်ချည်ထားတဲ့ ဘူးကို မပေးချင်ပါ။အထူးသဖြင့် တစ်ဆင့်ခံအနေနဲ့ ငါကိုယ်တိုင်ကတောင် လာပေးတာကို... မင်းမယူသင့်ဘူးမလား? ဒါပေမယ့်လည်း ဘယ်တတ်နိုင်ပါ့မလဲ Harutoက အဲ့ဒီဘူးကို ယူဖြစ်အောင်ယူသွားသည်။ဘယ်သူကပေးပေး ယူနေတာ တကယ်ပါပဲ အဆိပ်တွေဘာတွေခတ်ထားသေွ်ရှိ၊ ဘယ်လိုများလုပ်ကြပါ့။
Jeongwooက သူပေးပြီးတာနဲ့ ပြန်ထွက်လာပြီး အခုနက ထိုင်ခဲ့တဲ့နေရာမှာ ပြန်သွားထိုင်နေတော့တယ်။နောက်ကနေ လိုက်လာတဲ့ Junghwanကြောင့် လှည့်ကြည့်ပြီး ပြုံးပြလိုက်သေးတယ်။
YOU ARE READING
𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷ
Fanfiction[Burmese] 𝗛𝗮𝗿𝘂𝘁𝗼 × 𝗝𝗲𝗼𝗻𝗴𝘄𝗼𝗼 [completed] ➛ 𝗳𝗿𝗶𝗲𝗻𝗱𝘇𝗼𝗻𝗲 𝗮𝘂 ➛ 𝗼𝗻𝗲-𝘀𝗶𝗱𝗲𝗱 𝗹𝗼𝘃𝗲 ➛ 𝗳𝗹𝘂𝗳𝗳 ➛ 𝘄𝗿𝗶𝘁𝘁𝗲𝗻 𝗶𝗻 𝗕𝗨𝗥𝗠𝗘𝗦𝗘