ဂီတကလပ်ရဲ့ အလယ်တည့်တည့်က စင်မြင့်ပေါ်မှာ စန္ဒယားကြီးက နေရာယူထားတယ်။ နာမည်ခေါ်သံ ကြားတာနဲ့ Jeongwooက စင်မြင့်ပေါ်ကို ဖြေးဖြေးချင်း လျှောက်သွားလိုက်တယ်။ တည်ငြိမ်လွန်းနေတဲ့ သူ့ပုံစံက ခုနက ရင်ခုန်လွန်း၍ အိမ်သာခန်းထဲ အပြေးသွားရတဲ့ ကောင်လေးနဲ့ လားလားမှ မဆိုင်တဲ့ ပုံသဏ္ဍာန်ပင် ပေါက်လို့နေတယ်။
သက်ပြင်းတစ်ချက်ချရင်း အဖြူအမဲရောင်တွေ ရောယှက်နေတဲ့ စန္ဒယားကြီးပေါ်က ခလုတ်ငယ်လေးကို Jeongwooက သူ့လက်အစုံနဲ့ ဖိနှိပ်လိုက်တယ်။ Mozartရဲ့ နာမည်ကြီးတေးသွားတစ်ခုဖြစ်တဲ့ Rando Alla Turcaဆိုတဲ့ တေးသွားလေးအတိုင်း Jeongwooက ခလုတ်ငယ်လေးတွေနဲ့ သူ့လက်တွေကို ဆော့ကစားေစတယ်။
စီးချက်မှန်မှန်နဲ့ မျက်လုံးမှိတ်ပြီး ခေါင်းကို လိုက်ယိမ်းရင်း စန္ဒယားတီးနေတဲ့ Jeongwooကို စင်အောက်က လူတွေကတော့ ပါးစပ်အဟောင်းသားနဲ့ ကြည့်နေကြတယ်။ အခြေခံnotesနဲ့ piecesတွေတောင် မကြာသေးတဲ့ အပတ်ကမှ စသင်တဲ့ ပထမနှစ်လေးတစ်ယောက်က သိပ်ခက်လွန်းလှတဲ့ Mozartရဲ့ တေးသွားကြီးတစ်ခုကို အပူအပင်မရှိ တီးနေတာ အံ့ဩစရာပဲမဟုတ်ပါလား။Harutoတစ်ယောက် မျက်ခုံးရိုးတို့ တွန့်ချိုးသွားတယ်။ Jeongwooက စာအရာမှာ သူနဲ့ တန်းတူလောက် နီးပါးရှိပေမဲ့ 'တကယ်တော့ သူ့ထက်တော်တဲ့ အရာတွေ Jeongwooမှာ အများကြီးရှိတာပဲ'ဆိုတဲ့ ကောက်ချက်မျိုးသာ ချမိတော့တယ်။
**ဘာလား ဒီကောင် ငါ့ကိုကြ မလေ့ကျင့်နဲ့ မလေ့ကျင့်နဲ့ ပြောပြီး သူကြ ဘယ်တုန်းကတည်းက လေ့ကျင့်နေလို့ ဒီလောက်ကောင်းနေတာလဲ**
တေးသွားရဲ့ အချိန်က ငါးမိနစ်နီးပါး ရှိတာမို့ Harutoကတော့ သူငယ်ချင်းကြီးရဲ့ အမိုက်စားဖျော်ဖြေမှုကို အခကြေးငွေပေးစရာမလိုတဲ့ concertတစ်ခု ကြည့်သလို မေးထောက်ရင်း ထိုင်ကြည့်နေတယ်။ အမြုပ်ထနေတဲ့ လက်ထဲက Coca Colaကိုတော့ တဂွတ်ဂွတ်နဲ့ အရသာခံပြီး သောက်ရင်း ခေါင်းငြိမ့်ငြိမ့်နှင့် Jeongwooတီးနေတဲ့ တေးသွားလေးမှာ Haruto စီးမျောနေလိုက်တော့တယ်။
စင်အောက်ကို ခေါင်းငိုက်စိုက်ကျရင်း ဆင်းလာတဲ့ သကောင့်သားက ကျွန်တော့်ကိုမြင်တော့ ထုံးစံအတိုင်း ပါးစပ်ကို အကျယ်ကြီးဟကာ ပြုံးပြနေတယ်။

YOU ARE READING
𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷ
Fanfiction[Burmese] 𝗛𝗮𝗿𝘂𝘁𝗼 × 𝗝𝗲𝗼𝗻𝗴𝘄𝗼𝗼 [completed] ➛ 𝗳𝗿𝗶𝗲𝗻𝗱𝘇𝗼𝗻𝗲 𝗮𝘂 ➛ 𝗼𝗻𝗲-𝘀𝗶𝗱𝗲𝗱 𝗹𝗼𝘃𝗲 ➛ 𝗳𝗹𝘂𝗳𝗳 ➛ 𝘄𝗿𝗶𝘁𝘁𝗲𝗻 𝗶𝗻 𝗕𝗨𝗥𝗠𝗘𝗦𝗘