39

406 60 7
                                    

ငါက မာကျောပါတယ်။ဒါပေမယ့် မင်းအတွက်ဆိုရင်တော့ သေလောက်အောင် ငါ့နှလုံးသားက ပျော့ညံ့တယ်။ပုခုံးမှာလွယ်ထားတဲ့ လွယ်အိတ်ရယ် အဝတ်အစားတွေထည့်ထားတဲ့ ဘီးဆွဲခရီးဆောင်အိတ်ကြီးရယ်နဲ့အတူ အဆောင်အောက်ကို ဆင်းလာလိုက်တယ်။မီးအမြဲမှိတ်ထားတဲ့ အဆောင်အောက်ထပ်က မှောင်မဲနေတာကို Jeongwoo ပထမဆုံးအကြိမ်အဖြစ် ကျေးဇူးတင်လိုက်မိတယ်။ သူ့မျက်ရည်တွေက ပါးပြင်ကိုလုံလုံလောက်လောက်စိုရွဲစေတယ်။ဒါက လူမြင်ဖို့မသင့်တော်ဘူးလေ။

"Jeongwoo-ya ငါ ရှင်းပြပါရစေ"

လှေကားကနေ သူ့နောက်ကိုအမှီလိုက်ဆင်းလာတဲ့ Harutoကိုကြည့်ပြီး Park Jeongwooက အမှောင်ထဲမှာ မဲ့ပြုံးတစ်ချက်ပြုံးလိုက်တယ်။

"ဘာရှင်းပြချက်မှမလိုတော့ဘူးရယ် မင်းအချိန်တွေကို ငါ့အတွက်နဲ့ အကုန်မခံစမ်းပါနဲ့"

ကားပေါ်ကို အထုပ်အပိုးတွေအကုန်တင်လိုက်ပြီးတဲ့နောက်တော့ Jeongwooက သူ့ကိုအတိုင်းသားရပ်ကြည့်နေတဲ့ Harutoကို ကားပေါ်ကနေ ပြုံးပြလိုက်ပြီး သူ့ပါးပေါ်က ကြည်လဲ့လဲ့အရည်တချို့ကို လက်နဲ့သုတ်ဖယ်ရင်းပြောတယ်။

"ဒီအတောအတွင်း ကျေးဇူးပါ။ ငါ့ကို ငိုတတ်အောင် သင်ပေးခဲ့လို့!"

မောင်းထွက်သွားတဲ့ ကားအဖြူရောင်လေးကို Harutoရပ်ပင်မကြည့်နိုင်တော့။ သင်္ချာတော်တဲ့သူက ဒီတစ်ခေါက်တော့ အတွက်အဆမှားသွားခဲ့တယ်တူပါရဲ့! သူအတည်ချစ်တဲ့သူကို သူချစ်နေတဲ့အကြောင်းတောင်မပြောလိုက်ရသေးခင်မှာပဲ သူ့ဘဝကြီးက အတိအမှောင်ဖုံးပြီး ပျက်သုဥ်းသွားခဲ့ပြီ။

ဟိုတလောက အမှတ်တမဲ့သူယူထားလိုက်မိတဲ့ Jeongwooအိတ်ထဲက ဒိုင်ယာရီစာအုပ်ကြောင့် Haruto ပိုပြီး ပြတ်သားလာခဲ့တာဖြစ်တယ်။အရင်တည်းက Jeongwooအကြည့်တွေက မရိုးမှန်းသိပေမယ့်လည်း မဟုတ်ပါဘူးဆိုတဲ့အတွေးကိုသာ သူဦးစားပေးခဲ့သည်။ အထူးသဖြင့် သူ ကောင်မလေးတွေနဲ့ တွဲပြသလောက် Jeongwooက ဝါရင့်သရုပ်ဆောင်ကြီးပမာ သူမရိပ်မိအောင် ဘယ်လိုများနေနိုင်ခဲ့ပါသည်လဲ? ပြန်စဥ်းစားကြည့်ရင် အနာကျင်ဆုံးက Jeongwooဖြစ်ခဲ့ပေမယ့်လည်း... အရင်ချစ်တဲ့သူက Jeongwooဖြစ်ခဲ့ပေမယ့်လည်း အချစ်ဆုံးကတော့ သူသာဖြစ်လိမ့်မည်။ Jeongwooကိုပြန်ရဖို့ ဘာမဆိုလုပ်ဖို့တွေးထားသည်မို့ Harutoတစ်ယောက် အခုချိန်မှာ တဝကြီး ပြိုလဲနေမိသည်။

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now