18

396 73 5
                                    

ဂျောင်ဝူးက တိုက်ခန်းရှေ့မှာ ရပ်စောင့်နေတယ်။ဒီနေ့သည်က ဂီတကလပ်ကလူတွေစုပြီး နွေရာသီtripထွက်မဲ့နေ့။ဟိုတလောက ပါတီလုပ်ကတည်းက ပျော်ပွဲစားထွက်မယ့်အကြောင်းကို Junkyu Hyungက ကြိုပြောထားတာမို့ ကျွန်တော်ရော Rutoရော ဒါကိုသိတယ်လို့ပြောရမယ်။သို့သော်လည်း သိတဲ့အတိုင်း ထိုငနဲcrushသည် တုန့်နှေးတုန့်နှေးနဲ့ အခုချိန်ထိ ရှပ်အင်္ကျီကြယ်သီးကိုတပ်လို့မပြီးနိုင်သေး။

Jeongwooက သူ့လက်မှာပတ်ထားတဲ့ နာရီကိုလှမ်းကြည့်လိုက်တယ်။မနက်8နာရီ။8ခွဲအမှီလာဖို့ပြောထားတာကို ဒင်းလေးကြောင့်နှင့် နောက်ကျကိန်းဆိုက်တော့မည်သာ။အမှန်ပြောရရင် သူပျော်နေတယ်။ဒါက သူ Koreaကိုရောက်လာပြီး ပခမဆုံးကြိမ်အဖြစ် tripထွက်ဖူးတာသာ။ဒီလိုလူစုလူဝေးတွေထဲကို လိုက်ချင်ပေမဲ့ မာမီက ကပေကတေတွေလုပ်တဲ့အလုပ်ကို သားလိုက်မလုပ်ရပါဘူးဆိုတဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် သူဟာ အပေါင်းအသင်းနည်းပြီးရင်း နည်းလာသလို စာနဲ့ဗဟုသုတကလွဲပြီး ဘဝမှာအသုံးချရမယ့် မိတ်ဆွေဆက်ဆံရေးတွေမှာ ဘယ်လိုစပြီးထိုးဖောက်ရမလဲဆိုတာကို​တောင် သိမနေခဲ့ဘူး။

"မင်းမပြီးနိုင်သေးဘူးလား တကယ်ပါပဲ မလိုက်ချင်တော့လည်း မင်းပဲ။ပြင်လိုက်တာဆင်လိုက်တာလည်း မင်းပဲ"

အဖြူရောင်hoodieဝတ်ပြီး ကျောပိုးအိတ်အနီရောင်ကိုလွယ်ကာ ကလေးပိစိလိုလို ဘာလိုလိုအထာနဲ့ အိမ်ရှေ့ကနေပွားနေတဲ့ ဆရာသမားကြောင့် Harutoက ကျစ်တစ်ချက်သပ်ရင်း တိုက်ခန်းရှေ့ဆီထွက်လာလိုက်တော့တယ်။အမြန်သွားချင်သည်ဆိုမှ ဖိနပ်ကြိုးဟာ ချည်လို့မရ။

အဝင်ဝမှာထိုင်ချပြီး ဖိနပ်ကြိုးချည်တာလေးတောင် ကြာနေတဲ့ ကြိတ်ချစ်ကြီးကို Jeongwooဟာ ပထမဆုံးအနေနဲ့ပဲ စိတ်မရှည်တော့တဲ့အကြည့်နဲ့ကြည့်လိုက်မိလေသတဲ့။စိတ်လျှော့ပြီး သူဝတ်ထားတဲ့ အင်္ကျီရှည်ရဲ့လက်ကို ခေါက်လိုက်ပြီး ဒူးခေါက်ချလိုက်တော့တယ်။အကြောင်းကတော့ရှင်းပါတယ်။ဖိနပ်ကြိုးချည်ပေးဖို့!

လစ်လပ်နေတဲ့ Harutoရဲ့ ညာခြေထောက်ကို Jeongwooက ဖိနပ်ကောက်စွပ်ပေးပြီး ကြိုးကိုအသာတကြည် ချည်ပေးနေတယ်။

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now