31

348 67 7
                                    

ကားလေးကို Companyရဲ့မြေအောက်ထပ် ပါကင်မှာ ထိုးထားခဲ​့ပြီး Jeongwooက တံခါးမရှိ၊ဓားမရှိ ဝင်လို့ရတဲ့ Park Groupရဲ့ Companyအခွဲ(2)ဆီ ဝင်သွားတော့တယ်။

ဝန်ထမ်းတော်တော်များများကတော့ သူ့ကိုမသိကြ။အကြီးပိုင်း ရာထူးကြီးသမားတွေပဲသိကြတာမို့ တချို့က ကွက်ကြည့်ကွက်ကြည့်နဲ့။

အချိန်တိကျစွာပဲ သူ အစည်းအဝေးခန်းထဲဝင်သွားပြီး "Teenage Galaxy"ဆိုတဲ့ Productအသစ်အတွင် စပြီးတင်ပြရတော့တယ်။သူ့ကိုဂုဏ်ယူစွာနဲ့ ကြည့်နေတဲ့ အန်တီလေးကို Jeongwooက ဂရုစိုက်စွာပဲ သူ့အလုပ်သူ လုပ်နေလိုက်တယ်။

"ဒီထုတ်ကုန်က တကယ်လို့ complainတက်တာတွေ များလာနိုင်ရင်ရော?"

လူကြီးတစ်ယောက်ရဲ့ လေးတိလေးကန်အသံနဲ့ အမေးစကားကြောင့် Jeongwooက ပြုံးလိုက်ပြီး

"လူကြီးမင်း ကျွန်တော်တင်ပြတာ အခုထိမပြီးသေးတဲ့အတွက် ဖြတ်မပြောပါနဲ့ခင်ဗျ။ နောက်ပြီး complainအပိုင်းနဲ့ပက်သက်တာအတွက် ကျွန်တော့်ဘက်က ပြင်ဆင်ထားတာတွေရှိပါတယ် ရှေးရိုးစွဲ အရင်သုံးနေကျ ပုံစံအတိုင်းမဟုတ်ဘဲ လူငယ်တွေကြားကို ထိုးဖောက်ရမှာဖြစ်တဲ့အတွက် Teenage Galaxyအတွက် websiteသက်သက်တစ်ခုထောင်ထားပြီးပါပြီ feedback systemကို ပစ္စည်းscanနဲ့ register လုပ်ခိုင်းပြီးမှ သဘောမကျတဲ့အချက်တစ်ချက်ချင်းစီကို မှတ်ချက်ပေးလို့ရမှာဖြစ်တဲ့အတွက် Saleလည်း တက်ပါလိမ့်မယ် နောက်ပြီး နက်ဖြန်လုပ်မဲ့ showroomပိုင်းမှာ အခုလတ်တလော ခေတ်စားနေတဲ့ လူငယ် အနုပညာရှင်တွေကို ambassador ခန့်ပြီး ကြော်ငြာမှာမို့ အပြိုင်အဆိုင်ဝယ်ကြမှာပါ လူထုအပေါ် သက်ရောက်မှုရှိတဲ့ ပုဂ္ဂိုလ်တွေကို စည်းရုံးပြီး ပြည်တွင်းမှာ ဖြန့်ချီရုံတင်မဟုတ်ဘဲ Perisက fashion queenတွေနဲ့ချိတ်ဆက်ထားတဲ့အတွက် ပြည်ပကို ပိုထိုးဖောက်နိုင်ပါလိမ့်မယ်...."

Jeongwooရဲ့ တင်ဆက်မှုက အသေးစိတ်ကျတဲ့အတွက် အားလုံးက ဝိုင်းလက်ခုပ်တီးကြတယ်။ တချို့ကတော့ တီးတိုးစကားတွေနဲ့ "ဒီကလေးက သူ့အဘိုးခြေရာကိုမှီမယ့်ပုံပဲ" စသဖြင့် မှတ်ချက်တွေပေးကြတယ်။

လုပ်စရာရှိတာပြီးတာနဲ့ Jeongwooက သူ့ရဲ့ ပြင်သစ်စာအတန်းချိန်နဲ့မတိုက်စေဖို် မြန်မြန်ပဲ Companyကနေ ထွက်လာခဲ့လိုက်တော့တယ်။အခုသွားမဲ့နေရာကတော့ ChaCha showroomဆီသို့။

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now