19

352 69 5
                                    

"မင်း အဲ့လူနဲ့သိတာလား"

ဒါ တစ်နေကုန်လုံးနေမှ သူ့ပါးစပ်က ပထမဆုံးပြောတဲ့စကား။ပြန်ဖြေဖို့ ကြံနေတဲ့အချိန်မှာပဲ သူက ကျွန်တော့်အပြောကိုမစောင့်ပဲ ပျုိမဒီတစ်သိုက်ခေါ်ရာကို ပါသွားပြီ။အကြောင်းပြချက်ကြီးက ခင်ဗျားတို့ကြားရင် ရီချင်သွားမယ် မုန့်စားဖို့တဲ့ အဲ့မိန်းကလေးတွေကျွေးတဲ့မုန့်ကို စားဖို့တဲ့လေ။

နေ့လည်ဘက် ထမင်းဝိုင်းစားပြီးတည်းကနေ အခုချိန်ထိ Harutoဆိုတဲ့ ငနဲက ကျွန်တော့်ကို စကားစပြောမလာခဲ့ဘူး။ကျွန်တော် အတင်းလိုက်ပြောတာတောင် မတုံ့ပြန်ခဲ်ဘူး။နေပါအုံး ထိုဂျပန်ကောင် ဘာကြောင့် စိတ်ဆိုးစိတ်ကောက်ဖြစ်​ေနရတာလဲ? ကလေးလည်းမဟုတ်၊ ကလားလည်းမဟုတ်။

စိတ်ပေါက်ပေါက်နဲ့ စကားသွား​ပြန်မပြောပဲ ထိုင်နေလိုက်တယ်။ဟုတ်တယ်မလား.... ကျွန်တော်ကချစ်တိုင်း အလျှော့ပေးနေရတော့မှာလား? ဘာမှားသွားလို့လိုက်ချော့ရမှာလဲ? သူတောင် စော်တပွေနဲ့ အခုပျော်ပါးနေတာပဲမဟုတ်ဘူးလား?

Park Jeongwooက ခပ်လှမ်းလှမ်းမှာရှိတဲ့ Harutoကိုတစ်ချက် ကြည့်လိုက်ရင်း သက်ပြင်းနည်းနည်းချလိုက်မိတယ်။ဘာကိုဘယ်လို စကားမပြောချင်ဖြစ်ပြီးရှောင်ဖယ်နေရတာလဲ သူမသိပါ။သူသိတာ အပြုံးတွေ။ထိုမိန်းကလေးတွေနဲ့အတူရှိနေရင် ပြုံးတဲ့ Harutoရဲ့အပြုံးတွေ။ငါနဲ့ဆိုရင်တော့ မင်းအပြုံးတွေက ဒီလိုလှပါ့မလားဟင် Ruto!

"ဟေ့ Jeongwoo! Hyungနဲ့လိုက်ခဲ့မလား"

"ဟင်! ဘယ်လဲ Hyung"

အနားနားရောက်လာပြီး ဘေးနားထိုင်ရင်း စကားလာပြောတဲ့ Yedamie Hyung။ဒီHyungက တကယ်ဖော်ရွေတယ်။သူ့ကိုလည်း တော်တော်လေးခင်ရှာတယ်ထင်ပါရဲ့ စကားပြောတာကအစ အငယ်ကိုတောင် ယဥ်ယဥ်ကျေးကျေးလေးနဲ့။

Park Jeongwooက အမြန်ပဲပြန်မေးလိုက်တော့ "ဒီရပ်ကွက်ထဲလေ Jeongwooရဲ့! လည်စရာတွေပေါတယ် အထူးသဖြင့် Photo settingတွေပေါ့"

"ဟုတ်လား ကျွန်တော် မလိုက်ရင်​ေရာ မဖြစ်ဘူးလား Hyung"

Park Jeongwooက စိတ်မချနိုင်။သူ့နောက်ကျောဘက် Harotoရှိရာဆီပဲ မျက်လုံးကတစ်ချက်တစ်ချက် လှည့်ကြည့်နေမိတယ်။သူတကယ်ပဲ ထွက်သွားလို့ဖြစ်ရဲ့လား? နည်းနည်းလေးလောက် မင်းအတွက်ကြည့် မစဥ်းစားပဲ ငါ့အတွက်ငါ တစ်ကိုယ်ကောင်းဆန်ကြည့်လို့ ဖြစ်နိုင်မလား?

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now