6

482 84 1
                                    

နေသာတဲ့ နေ့လေးပင်။ Treasure Box Private တက္ကသိုလ်ကြီးထဲတော့ အတန်းလစ်သူက လစ်၊ လက်ချာလိုက်သူက လိုက်၊ ကျောင်းပြင် ခိုးထွက်သူက ထွက်နဲ့ သာယာလို့နေတယ်။

Seoulမြို့ အီထယ်ဝမ်အနီးတွင် ဆောက်လုပ်ထားသော ထိပ်တန်းတက္ကသိုလ်ပီပီ ကျောင်းဝန်းကြီးက ကျယ်ပြောလှသလို အပြည်ပြည်ဆိုင်ရာမှာ လူချမ်းသာတို့၏ သားသမီးများနှင့် အခွင့်ထူးခံဝန်ကြီးသားသမီးများ... ပညာရည်ချွန်ဆုရသူများသာ လာရောက်သင်ယူနိုင်ကြတယ်။ Clubအသီးသီးအတွက် အဆောင်ငယ်လေးတွေပါ လုပ်ပေးထားတာမို့ Jeongwooတစ်ယောက် ထုံးစံအတိုင်း ထမင်းစားချိန်ပြီးတာနဲ့ Clubကို အမြန်လာလိုက်တယ်....

"Hello"

"Rutoလား မင်း အခုဘယ်မှာတုန်း"

"ငါလား Musicကလပ်ထဲ ရောက်နေပြီ သင်ခန်းစာစတော့မယ်ထင်တယ် မင်းမြန်မြန်လာခဲ့တော့"

"အင်း ငါလည်း ခနနေဆို ရောက်တော့မှာ"

ကလပ်ထဲရောက်တော့ ကျွန်တော် Rutoဘေးနား ကုပ်တိကုပ်ချောင်းသွားပြီး ထိုင်နေလိုက်တယ်။

"ကဲ ဒီနေ့တော့ မင်းတို့ တူရိယာတွေ ရွေးရလိမ့်မယ် ကိုယ်နဲ့ ကိုက်မယ့်တူရိယာကို ရွေးပြီးရင် သက်ဆိုင်ရာ ခေါင်းဆောင်တွေဆီမှာ အဃြေံကို အရင်သင်ရမယ်"

ခေါင်းဆောင် Kim junkyuရဲ့ အပြောဆုံးသွားတဲ့နောက်မှာတော့ ကျောင်းသားတွေက ထုံးစံအတိုင်း ပွစိပွစိနဲ့ ပြောနေကြတုန်းမို့ ကျွန်တော်လည်း Harutoကို မေးဖို့အဖော်စပ်လိုက်တယ်။

"ဟေ့ကောင် Ruto... မင်းရော ဘာသင်မှာလဲ"

"ငါလား... Guitar ယူဖြစ်လောက်တယ် မင်းရော"

"အင်း ငါသေချာမသိသေးဘူး အစကတည်းက ဂီတကို ငါမလုပ်ချင်တာလည်း ပါမှာပေါ့ကွာ အခုထိတော့ မစဥ်းစားရသေးဘူး"

"Jeongwoo!!"

Harutoနဲ့ Park Jeongwooရဲ့ စကားဝိုင်းထဲသို့ Kim Doyoungရော Yoon Jaehyukပါ ဝင်လာကြသည်။

ခေါ်သံတစ်ဆုံးမှာ ကျွန်တော်တို့ နှစ်ယောက်သားလှည့်ကြည့်ဖြစ်တော့ Jaehyuk Hyungရဲ့ ခေါ်သံ....

"Jaehyuk Hyung...."

"မင်း ဘာယူမလဲ ဆုံးဖြတ်ပြီးပြီလား Jeongwoo"

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now