34

364 63 34
                                    

"နောက်အပတ်ထဲ GPA testingရှိမယ် အနည်းဆုံး 3.0လောက်ရရင်ကို ဟိုမှာတက်လို့အဆင်ပြေပြီ"

"Toeflကရော Hyung"

Jeongwooက စားပွဲပေါ်က အအေးကိုပိုက်နဲ့တစ်ဆုပ်ယူသောက်လိုက်ပြီး အေးအေးလူလူကလေး မေးတယ်။အကုန်လုံးစီစဥ်ထားပြီးသားဖြစ်တာမို့ သူ့အနေနဲ့ လာမယ့်အပတ်ထဲဖြေရမယ့် ပြင်ပ GPA testပြီးတာနဲ့ ကျောင်းပြောင်းလို့ရပြီဖြစ်တယ်။

"65/70လောက်ဆို အဆင်ပြေတယ် Jeongwooက တော်ပါတယ်"

"အင်တာနက်မှာတစ်ချက်ရှာကြည့်တော့ ပြင်သစ်စာဆိုရင် TCFဘာညာလိုတာလားမသိ္"

Bang Yedamက သူစားနေတဲ့ ထမင်းဇွန်းကိုလက်ကချပြီး "TCFက ပြင်သစ်လူမျိုးတွေအတွက်ပဲရယ် Jeongwooက scholarနဲ့ဝင်ဖို့တွေးထားရင် IELTS score 6.5လောက်ရတာနဲ့ အဆင်ပြေတယ်"ဟု ပြောလိုက်တယ်။အမှန်တော့ သူ Jeongwooကို တကယ်လည်းစိတ်ပူမိပါသည်။စာတော်တဲ့ ကလေးက သေချာပေါက် scholarshipရနိုင်မည်ဖြစ်သော်ငြား ဟိုရောက်လို့ တစ်ယောက်တည်းဘာမှ မလုပ်တတ်၊မကိုင်တတ်ဖြစ်နေရင် အခက်တွေ့မည်မလား...

"ကျွန်တော် လုပ်နိုင်ပါ့မလားမသိဘူး"

"မင်းက ဘာကိုလုပ်မှာလဲ"

"Ruto? "

အနားတွင် လာထိုင်ကာ သူသောက်ထားပြီးသား အအေးကို အမြန်မော့ပြီးစကားပြောလာတဲ့ Harutoက ချွေးတွေတဒီးဒီးနဲ့ ဘာတွေဖြစ်လာသည်လဲမသိ။

"ငါက နောက်အပတ်စာမေးပွဲအကြောင်း ပြောနေတာ မင်းကြည့်ရတာလည်း ချွေးတွေနဲ့ ဘာလုပ်လာပြန်တာလဲ"

"မင်းကိုလိုက်ရှာနေတာလေ ကလပ်မှာပဲရှိမယ်ထင်နေတာကို မပြောမဆိုနဲ့"

"ပြောဖို့မှမလိုတာကို မင်းကိုဘယ်သွားသွားပြောနေရမှာလား"

"သူငယ်ချင်းက စိတ်ပူသွားလို့ပြောရှာတာပါ ဟုတ်တယ်မလား Haruto?"

ကြားထဲကနေ စကားဝင်ထောက်ပေးတဲ့ စီနီယာအကိုကြီးကို Harutoက ေခါင်းငြိမ့်ပြရှာသည်။Mokoဆီကနေ မလှိမ့်တပတ်နှင့် ထွက်ပြေးလာပြီး ရောက်မဲ့ရောက်တော့လည်း ကန်တင်းကိုမှသာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်၏။အခုတလော Jeongwoo Yedam Hyungနဲ့အတူရှိနေတယ်လို့ ကြားရတိုင်း သူက ဘာကြောင့် မဆီမဆိုင် moko-sanဆီက ထွက်ပြေးနေမိတာလဲ စဥ်းစားလို့ကိုမရ။

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now