26

342 58 13
                                    

"သဘောကျရဲ့လား?"

"အဲ့ဒါ ဘာကြီးလဲ"

"လက်ဆောင်လေကွ!"

Rutoလက်ဖဝါးပေါ်က ဘူးလေးတစ်ဘူးကို Jeongwooက ငုံကြည့်လိုက်ရင်း ပြောတယ်။အမြန်ယူထားလိုက်ပြီး သူ့ရဲ့ထားနေကျ စာအုပ်စင်အောက်ထပ်က အံဆွဲလေးထဲမှာ ထည့်ထားလိုက်တယ်၊ ပြီးမှ အေးအေးဆေးဆေးကြည့်လိုက်မယ်

"အမယ် ထူးထူးဆန်းဆန်း မင်းက လက်ဆောင်တွေ ဘာတွေပေးလို့ပါလား ဘာလို့လဲ?"

"လမ်းကြုံလို့ ဝယ်လာတာ၊ ပေးစရာလူ မရှိလို့ မင်းကိုပေးတာကွာ ရပြီလား?"

"အဲ့ဒါဆို အဲ့ဒီဘူးကြီးကရော ဘာလဲ"

Jeongwooက သူတို့ဒုတိယနှစ် ကျောင်းသားကြီးတွေ ဖြစ်လာကြပြီမို့ ရင့်ကျက်တဲ့လေသံဖမ်းရင်းမေးတယ်။သူတို့က အခု ထုံးစံအတိုင်း ထိုင်နေကျ အဆောင်အပေါ်ဆုံးထပ်က ခေါင်မိုးထပ်မှာပင်။ကျောင်းသားအသစ်တွေရောက်လာပေမယ့် မျက်နှာချင်းဆိုင်နေရတဲ့ သူတို့အခန်းတွေကတော့ ပြောင်းမသွား၊ ပြောင်းသွားတာကတော့ အခန်းဖော်တွေပဲ...

Jeongwooရဲ့ အခန်းထဲကို Harutoက ပြောင်းလာရတာဖြစ်ပြီး ရာထူးတိုးသွားတဲ့ စီနီယာနှစ်ယောက် Junkyu Hyungနဲ့ Jaehyuk Hyungက အော်ဆုံးထပ်က ကောင်စီဝင်တွေနေရတဲ့အခန်းကို သွားနေကြရတယ်။Rutoရဲ့အရင်အခန်းကတော့ ဘာလိုလိုနဲ့ အသစ်ရောက်လာတဲ့ ပထမနှစ်လေးတွေ အပိုင်ဖြစ်သွားတော့တာပဲ!

အခုလည်း အထုပ်တွေတူတူဖြည်ကြရင်း ပိုနေတဲ့ Rutoရဲ့ ဘူးတစ်ခုကို ကျွန်တော် မတော်တဆမြင်မိသွားလို့ မေးလိုက်ခြင်းပင်။

"အော် အဲ့ဒါက ဖိနပ်လေ မင်းအတွက် ဝယ်လာတာ"

"ဒါတော့ ငါ့ဟာဖြစ်သွားပြီပေါ့"

"မဖြစ်လို့ရမလား ငါ့ကောင်ရ! မင်းရဲ့ ဖိနပ်အစုတ်ကြီးကို နေ့ညမပြောင်း ရာသီမပြောင်းစီးနေလို့ ငါမြင်ရတာ အဆင်မပြေတော့ဘူးကွ!!!!"

"ဘာဖိနပ်အစုတ်လဲ ဒါက ဒီဇိုင်းကွ ဒီဇိုင်း"

Jeongwooက သူ့ခြေထောက်မှာ စီးထားတဲ့ ဖိနပ်အမည်းကြီးကို မြောက်ပြရင်း ပြန်ပက်သည်။သူတို့်က...သူက Rutoကို ချစ်နေတဲ့လူတစ်ယောက်လို့ သဘောထားပေမယ့် Rutoဘက်ကတော့ သူငယ်ချင်းဆိုတဲ့ ခေါင်းစဥ်ကိုတပ်မြဲ တပ်နေမှာဖြစ်တဲ့အတွက် အသားကျစွာနဲ့ Jeongwooတစ်ယောက် ပြန်ပြီး ရန်ထောင်ရလေ့ရှိတယ်။ပိတ်ရက်တုန်းက ဂီတပစ္စည်းတွေနဲ့ အဆက်ပြတ်နေတာကြာပြီဖြစ်တာကြောင့် သူတို့နှစ်ယောက်လုံး အထုပ်တွေအကုန် နေရာချပြီးတာနဲ့ ဂီတကလပ်စီထွက်လာလိုက်တယ်။

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now