15

370 63 8
                                    

"Ya! ဘယ်သွားမလို့လဲ"

နေလာတာ တစ်ပတ်ရှိပြီ၊ Harutoဆိုတဲ့ ကောင်က အိမ်မကပ်။အခုလည်း ချိန်းထားတာရှိလို့တဲ့ အိမ်တံခါးဝကို ထွက်သွားပြန်ပြီ၊ မနေ့ညက သောက်ထားတဲ့ ဆိုဂျူပုလင်းတွေနဲ့ ဧည့်ခန်းမှာ ဂျောင်ဝူးက သူတစ်ယောက်တည်းပဲကျန်ခဲ့တာကို မကျေနပ်။

တံခါးဝမှာ ဖိနပ်ကြိုးချည်ရင်း ဟာရုတိုက စကားလှမ်းပြောလိုက်တယ်။
"ငါ Riniနဲ့ သွားတွေ့မလို့"

ဆိုဖာပေါ်မှာ အိပ်ငိုက်မပြေသေးတဲ့ Jeongwooက စပ်စုသလိုမေးလိုက်တယ်။

"Riniက ဘယ်သူလဲ"

"ယုန်မလေးလေ ပထမနှစ် Civilက queenလေ နှစ်တူပေမဲ့ ငါ့ထက် အသက်က ငယ်သေးတယ်"

"အော် သွားသွား"

ပါးစပ်ကသာ အဲ့စကား ထွက်သွားတယ်။လောကကြီးကို စိတ်ကုန်နေပြီဖြစ်တဲ့ မျက်နှာထားနဲ့ Jeongwooတစ်ယောက်ရဲ့ စိတ်ထဲမှာတော့ **တိရစ္ဆာန်မလေးတွေ ပျော်လာခဲ့**ဟု တွေးလိုက်မိသည်တည်း။

တံခါးလော့ချသံအဆုံးမှာ Harutoက အိမ်ခန်းပြင်ကို ထွက်သွားပြီသာဖြစ်တယ်။Jeongwooက စိတ်ပစ်လက်ပစ်နဲ့ ဆိုဖာကို မှီချလိုက်ပြီး ဘေးနားက အကျွမ်းတဝင်မရှိသေးတဲ့ ဆိုဂျူပုလင်းကို မော့လိုက်တယ်။

"ခါးလိုက်တာ မင်းကိုချစ်ရတာက"

အသံအဆုံးမှာတော့ ကိုယ့်နေရာကိုယ်သိရမယ်ဆိုတဲ့ အတွေးတွေကြောင့် Park Jeongwooက ရုန်းကုန်ထလိုက်ပြီး ဧည့်ခန်းထဲက မုန့်အကျိုးအကြေတွေနဲ့ ပုလင်းခွဲတွေကို သိမ်းလိုက်တော့တယ်။ရေမိုးချိုးပြီးတာနဲ့ သူအမြဲသွားနေကျ မြောင်ဒုံလမ်းက အရောင်းပြခန်းဆီ သွားဖို့ လုပ်လိုက်တယ်။taxiကြိုခေါ်ထားတာမို့ ကွန်ဒိုအောက်ရောက်တာနဲ့ အဆင့်သင့်ဝန်ဆောင်ပေးတဲ့ taxiထဲ ဝင်စီးလိုက်တော့တယ်။

"မြောင်ဒုံပဲလား ကောင်လေး"

နေ့တိုင်း သွားနေကျမို့ သူမှာယူနေကြ လူကလည်း အမြဲတူနေတတ်တယ်။တစ်ပတ်အတွင်းမှာပဲ taxiသမား ဦးလေးကြီးနဲ့ ရင်းနှီးခဲ့ပြီး အပြန်ကြ အားရင်အားသလို ဦးလေးကြီးအကြံပေးတဲ့ နေရာတွေက Jeongwooက လျှောက်လည်နေကြ။

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now