14

413 65 2
                                    

"အဘိုး...."

ခြံဝန်းအကျယ်ကြီးနဲ့ နန်းတော်တို့ အိမ်ကြီးက Jeongwooကို စောင့်ကြိုလျက်ရှိတယ်။ guesthouseအပြင် Jihoon hyungတို့ မိသားစုအတွက် ခြံဝန်းရဲ့ အနောက်ဘက်က အိမ်ကြီးကို ပေးနေခိုင်းထားကာ အလုပ်သမားတန်းလျားအတွက် နှစ်ထပ်အဆောင်ကြီးတစ်ခုလည်း ရှိသေးမည်။ ကလေးတုန်းကအတိုင်းသာဆို ခြံရဲ့ အရှေ့ဘက်မှာတော့ ပန်းခြံနဲ့ အလျား2မိုင်လောက်ရှိတဲ့ ရေကန်ကြီးလည်းရှိနေအုံးမှာဖြစ်တယ်။

Jeongwooက သူ့ကိုထွက်ကြိုနေတဲ့ အဘိုးဖြစ်သူဆီ အပြေးသွားဖက်ရင်း ငါးနှစ်အရွယ်ကလေးလေးလို ချွဲနေတော့တယ်။

"အဘိုးကလည်း... ဘာလို့ထွက်ကြိုနေရတာတုန်း ကျန်းမာရေးကမကောင်း ဘာမကောင်းဖြစ်မှဖြင့်"

"အဘိုးကဖြင့် ဒေါင်ဒေါင်မြည်ပါပဲကွာ... လာ အထဲဝင်ကြစို့"

အဘိုးက လက်တွဲခေါ်သွားပြီး အိမ်ထဲကိုဝင်ဖို့ပြောတာနဲ့ မြေးဖြစ်သူ Jeongwooက အလိုက်တသင့်လေး လိုက်ပါလာခဲ့တယ်။ နှစ်ထပ်အိမ်ကြီးဖြစ်တဲ့အပြင် လှေကားနှစ်ဖက်နဲ့ အပြင်အဆင်တွေကအစ အရင်ကနဲ့မတူတော့ပေ။ သေချာတာတော့ ခေတ်မှီတဲ့ အဘိုးတစ်ယောက်ပီပီ တစ်နှစ်နဲ့တစ်နှစ် ပရိဘောဂတွေကိုမတူအောင် ထားတာက အဘိုးရဲ့အလေ့အကျင့်တစ်ခုပင်။

ဧည့်သည်ခန်းမဝင်ခင်တဖြတ်မှာ မိန့်မိန့်ကြီးနဲ့ နေရာယူနေတဲ့ အဘွားရဲ့ဓာတ်ပုံကိုတွေ့တော့ Jeongwooက ခါးကိုင်းပြီး ဂါဝရပြုလိုက်တယ်။ အဘွားဆုံးသွားတာတောင် ငါးနှစ်ပြည့်တော့မယ်မလား...

"မင်းအဘွားကတော့ မင်းအတွက်ဂုဏ်ယူနေမှာပါ မြေးရာ"

"အဲ့လိုပဲဖြစ်ပါ​ေစ အဘိုးရယ်"

"မြေးအခန်းက အဘိုးအခန်းဘေးမှာရှိတယ် ဝင်သွားပြီးခနနားလိုက်အုံး"

"အဘိုး... သား ဒီနွေမှာ တိုက်ခန်းငှားနေမလို့လုပ်ထားတယ်"

"ဟေ မြေးက တစ်ယောက်တည်းဖြစ်ပါ့မလား"

"ဖြစ်တာပေါ့ အဘိုးရဲ့ နောက်ပြီး သားသူငယ်ချင်းတစ်ယောက်လည်း လာလည်မှာပဲဟာ"

"ဟိုဂျပန်ကောင်လေးလား"

"အဲ.... ဟုတ်တယ် အဘိုး"

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now