32

378 67 14
                                    

ကားဆီကို သော့တရမ်းရမ်းနဲ့ အေးဆေးစွာ လျှောက်လာတဲ့ Jeongwooက သူ့ရဲ့ အနီရောက်ဘင်ကားကို စက်နှိုးလိုက်တယ်။အဆောင်ဆီကို ပြန်ဖို့ ဦးတည်ရာ GPSမှာ ရိုက်ထည့်လိုက်ပြီး Radioက သီချင်းလေးတအေးအေးနဲ့ မောင်းလာလိုက်တယ်။ညနေခင်းပိုင်း 4နာရီလောက်ဖြစ်နေပြီမို့ နေကတော့ ဝင်နေပြီ။

Jeongwooက လမ်းမကြီးက မမောင်းပဲ ဖြတ်လမ်းကနေ မောင်းလာတာမို့ အတော်လေးကို လမ်းက ရှင်းလင်းနေတယ်။ဖြတ်လာတဲ့လမ်းပ လုံချင်းအိမ်ယာတွေကဖြစ်နေတဲ့အပြင် စိတ်ငြိမ်ရပ်ကွက် သူဌေးရပ်ကွက်မို့ ဘယ်သူမှ မတွေ့ရ။

ရုတ်တရပ်ကြီးစက်ရပ်သွားတဲ့ သူ့ကားကြောင့် Jeongwooက သော့ကိုထိုးလိုက်၊နှုတ်လိုက်နဲ့ ကားထဲမှာအလုပ်ရှုပ်နေတယ်။ကားက ဆီမရှိတာဘူးလို့ အချက်ပြနေတာကြောင့် အနည်းငယ်ကြောင်အသွားတယ်။နေ့လည်ကမှ သူ ဆီဝင်ဖြည့်ခဲ့တာကြောင့် ဆီက ဒီလောက်ထိမြန်မြန်ကုန်သွားစရာ အကြောင်းမရှိ။

ဝင်လာတဲ့ ဖုန်းသံလေးကြောင့် Jeongwooက ကိုင်ပြီးတော့ စက်ကိုနိုးရင်း ဖြေလိုက်တယ်။

တစ်ဖက်လူက သူ့ရဲ့တည်နေရာကို ထူးထူးဆန်းဆန်းကြီး မေးနေတာမို့် Jeongwooလည်း ဘေးဝန်းကျင်ကို ကားမှန်ကနေ တစ်ချက်လှည့်ကြည့်ပြီးမှ "အခုက Mapo Mainလမ်းကြီးရဲ့ တစ်ဖက်က Daehwi Dongနားမှာ..."

"ကားနဲ့ လာခဲ့တာ ဒါပေမယ့်​ အခု ဆီပျက်သွားပြီရယ်"

ဖုန်းကို ဖြေနေတဲ့အချိန်မှာပဲ မှန်ကို လက်နဲ့ခေါက်လာတာကြောင့် Jeongwooက ဖုန်းကိုဘေးနား ထားပြီး မှန်ကနေ တစ်ဆင့်ကြည့်လိုက်တယ်။

Maskအမည်းရောင် ဦးထုပ်အမည်းရောင်တွေဝတ်ထားတဲ့ လူနှစ်ယောက်။တစ်ယောက်ကို သူမြင်ဖူးသည် ဟိုတစ်ခါက ပါပါရာဇီကောင်...

တံခါးကိုဇွတ်ခေါက်နေတာငိပေမယ့်လည်း Jeongwooက လန့်နေမိတာကြောင့် ဖွင့်မပေး။ကားထဲ ပိတ်ပြီးတစ်ယောက်တည်း နားပိတ်နေလိုက်တယ်။

အခြေအနေဆိုးရွားလာတဲ့ ပါပါရာဇီကောင်နှစ်ကောင်က သူ့ကားကို ဒုန်းဒုန်း ဆိုတဲ့အသံမြည်အောင်အထိ ထုရိုက်နေခဲ့တယ်။အချိန် 15မိနစ်လောက်ရှိသွားပြီ။မောင်းပြေးချင်တာတောင် ဘာလို့အရေးအကြောင်းဆို ဆီကမရှိရတော့တာလဲ?

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now