12

384 78 2
                                    


ဟာရုတိုက သူနောက်ကျနေပြီဖြစ်တာကြောင့် ခန်းမရှိတဲ့ ကျောင်းဟောခန်းဆီကို ဆေးခန်းကနေ အမြန်ပြန်လာတယ်။ ဒါပေမဲ့ အချိန်နဲ့ ဒီရေဟာ လူကိုမစောင့် ဆိုတဲ့အတိုင်း သူ့သူငယ်ချင်းရဲ့ ဖျော်ဖြေမှုကလည်း ပြီးဆုံးသွားပြီသာဖြစ်တယ်။ ဟာရုတိုက ကျစ် တစ်ချက် သတ်လိုက်ပြီး လက်သီးဆုပ်လိုက်တယ်။ ခန်းမရဲ့ ထောင့်ကျကျနေရာတွေထဲက နောက်ဆုံးခုံမှာ လူမသိသာအောင် အမြန်ဝင်ထိုင်လိုက်ပြီး Jeongwoo သိပ်ကြိုက်လှပါတယ်ဆိုတဲ့ ဆရာYirumaရဲ့ live အင်တာဗျူးကို လက်ပိုက်ရင်း ဘုကြည့်ကြည့်နေပြန်တယ်။

သိပ်မကြာလိုက်ခင်မှာပဲ အင်တာဗျူးက ပြီးသွားကာ လက်ဆောင်တွေ ဘာညာပေးပြီး ပွဲက ပြီးသွားခဲ့တယ်။ လာကြည့်တဲ့ ကျောင်းသူကျောင်းသားတွေက ပွဲပြီးသွားတာနဲ့အမျှ ထပြန်သွားကြပေမဲ့ Harutoကတော့ လက်ပိုက်မြဲသာ လက်ပိုက်နေတယ်။ ခန်းမအကျယ်ကြီး တစ်ခုလုံးက တိတ်ဆိတ်နေတဲ့အပြင် အမှောင်ဘက်ခြမ်းမှာထိုင်နေတဲ့ Harutoရယ် စင်မြင့်ပေါ်က အထီးကျန်နေတဲ့ စန္ဒယားရယ်သာ ရှိနေခဲ့တယ်။

Jeongwooက စင်နောက်ကနေ ထွက်လာပြီး စန္ဒယားနားက ခုံပေါ်ထိုင်လိုက်တာကြောင့် Harutoက မျက်ခုံးတွန့်ရင်း လန့်သွားပေမဲ့ နေရာကမထဘဲ နှုတ်ခမ်းတွန့်​ကွေးရုံသာ ပြုံးပြီး ဆက်ကြည့်နေတယ်။

**ဘယ်သူမှမရှိတဲ့ စင်မြင့်ရယ် ပရိသတ်မရှိတဲ့ ခန်းမရယ် နောက်ပြီး Rutoမရှိတဲ့ ဒီနေရာရယ်....**

Jeongwooက သူ့ခေါင်းထဲ သမာရိုးကျမဟုတ်တဲ့ အတွေးပေါ်လာတာကို ခေါင်းရမ်းသက်ပြင်းချကာ ခုနက စင်ပေါ်မှာ သူ Bachရဲ့ Patita တေးသွားကိုမတီးဘဲ တခြားသံစဥ် ပြောင်းတီးမိတာကို သတိရသွားတော့ ရယ်ချင်ချင်ဖြစ်သွားတယ်။ စိတ်အစွဲကြီးတဲ့ သူက ထိုတေးသွားကို Rutoရှေ့မှာပဲ တီးချင်မိတာက ဇီဇာကြောင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒါက အချစ​်ပဲလေ...အချစ်ကို ဘယ်သူမှ နားမလည်နိုင်ပါဘူး!

မတီးလိုက်ရတဲ့ တေးသွားကို ဂျောင်ဝူးက စတီးရင်း မျက်ရည်တွေဝဲတက်လာတယ်။ တေးသွား အစပိုင်းဟာ လက်ကွက်ကျဲပေမဲ့ ပူဆွေးမှု၊ကြေကွဲမှုတွေကို အပြည့်အဝဖော်ပြနေတယ်။ရည်မှန်းချက်ကိုယ်စီကြောင့် ကွဲကွာသွားတဲ့ ချစ်သူနှစ်ယောက်ရဲ့ ဇာတ်လမ်းကို ဖော်ပြထားတာဖြစ်ပြီး လက်ကွက်စိပ်လာတာနဲ့အမျှ တေးသွားက ပုိပြီး နားထောင်ရကောင်းလာသလို တီးရလည်းခက်လာတယ်။တဖြည်းဖြည်း ခံစားရတာများလေ ချစ်ရသူရှိရာကိုပဲ ထွက်ပြေးချင်လေ ဖြစ်အောင် အပီအပြင်ပြသနိုင်တဲ့ တေးသွားမျိုးလေးမို့ Jeongwooလို ခံစားလွယ်၊အငိုသန်လွယ်တတ်တဲ့ ကောင်ငယ်လေးက သူတီးလိုက်လို့ သံစဥ်တစ်ကွက်ထွက်လာတိုင်း ဝဲတက်လာတဲ့မျက်ရည်စတွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးထင်ပါရဲ့... အချစ်မခံရတဲ့ ခံစားချက်တွေကို Park Jeongwooက သိပ်သဘောမတွေ့ဘူး!

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now