21

347 64 7
                                    

မနက်အစောပိုင်းမို့ ဝေလီဝေလင်းရာသီဥတုအပေါ်မှီခိုနေတဲ့ စိတ်ငြိမ်ရပ်ကွက်လေးက အတော်လေးအအေးပိုသည်။ဆောင်းတွင်းကြီးမို့ ပိုဆိုးတာက အခုလို မနက်ရှစ်နာရီမှာတောင် နှင်းနည်းနည်း ကျနေတုန်းပဲ!သူတို့အဖွဲ့က အနီးနားမှာရှိတဲ့ တောင်ကိုတက်ကြရမှာကြောင့် camping ပစ္စည်းတွေပါတဲ့ ကျောပိုးအိတ်တွေကို သယ်တဲ့သူက သယ်နဲ့။ကိုယ်စီကိုယ်စီအလုပ်ရှုပ်နေကြတဲ့အထဲမှာ လစ်လပ်နေတာကတော့ ဂျပန်ကပြားလေး Harutoကလွဲပြီးရှိမယ်မထင်။

သူနဲ့ Jeongwooက ညတုန်းကလည်း စကားတွေပြောပြီးဂိမ်းဆော့နေခဲ့ကြသေးတာကြောင့် အိပ်ရေးက ရှယ်မဝ ဖြစ်နေတယ်။တစ်ရေးနိုးလာတဲ့ Jeongwooဆိုတဲ့ ဟိုက​လေးကတော့ ကျောပိုးအိတ်ကြီးလွယ်ပြီး ဟိုရှာဒီရှာလုပ်နေတယ်။Harutoက Jeongwooဆီကို လမ်းခပ်သွက်သွက် လျှောက်လာဖို့ကြိုးစားလိုက်ပေမဲ့ လမ်းမှာ အဖြတ်သမားက ဝင်လာပြန်တယ်။

"Haru! ဒီကြိုးလေး ကူတပ်ပေးပါ့လား"

အဖွဲ့ထဲမှာ ဂျပန်ကပြားဆိုလို့ အခုလာမေးတဲ့ ကောင်မလေးနဲ့ ကျွန်တော် နှစ်ယောက်သာရှိတယ်။မတတ်နိုင်ဘူး လူမျိုးတူချင်းဆိုတော့ ကူညီရမှာပဲပေါ့။ဒီအချိန်မှာ Harutoက မသိလိုက်တာက ထိုကောင်မလေးလိုပဲ ကျောပိုးအိတ်ခါးချည်ကြိုးပြေနေတဲ့ Jeongwooဆိုတဲ့ ကောင်လေးလည်းရှိခဲ့တယ်ဆိုတာပဲ!

Jeongwooက သူ့ကိုလာကူမလား ကူမလားဆိုပြီး Harutoဆီကိုမျှော်ကြည့်လိုက်ပေမဲ့ ဟူးး ကျွန်တော်မှားတာ။သူလား သူငယ်ချင်းကိုကူညီမှာ သူ့မျက်လုံးထဲ ကျွန်တော်ကလွဲပြီး ကျန်တဲ့လူတွေအကုန်လုံးကိုပဲ မြင်နေတော့မယ်ထင်ပါရဲ့!

"Jeongwoo... Hyung ကူညီပေးရမလား"

"နေနေ! ရတယ် Hyung ကျွန်တော့်ဘာသာ ရအောင်လုပ်မယ်"

ဒါက စကားအဖြစ်ပြောလိုက်တာပေမဲ့ Hyungက ပြန်ပြောစရာမလိုအောင် ကျွန်တော်ပြောသမျှကို အလိုက်သိပေးတယ်။ကျောပိုးအိတ်ကိုထိတောင်မထိပဲ တခြား ကျွန်တော်သယ်ရမဲ့ ပစ္စည်းတွေကိုပဲ သမသွားတယ် ကောင်းရော။

ရုတ်တရပ်ကြ​ီး ဖုန်းမြည်သံထွက်လာတာကြောင့် Jeongwooက သူ့အိတ်ကပ်ထဲကဖုန်းကိုနှိုက်ပြီး screenပေါ်ကိုကြည့်လိုက်တယ်။ဒေါ်ငယ့်ဆီက ဖုန်းနံပါတ်ပဲ!

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now