💝M38💝

1.8K 138 36
                                    

Z/

"ဒေါက်....ဒေါက်...ဒေါက်"

"........."

"သား...သားရံ နိုးပြီလား
Bf လာစားတော့သား သားပါးစောင့်နေပြီ"

"ဟုတ်...သားဆင်းခဲ့မယ်မား "
သူမားအား ပြန်ဖြေပေးပြီး ညာဘက်လက်က ကြယ်သီးကို အဆုံးသတ်တပ်၍ ထမင်းစားခန်းဆီဆင်းလာခဲ့လိုက်သည်။ရံ သူ့အသက်ရွယ်အရရော၊သူ့အခြေနေအရရော မိဘတွေက ချစ်ရသူနဲ့မကြည်ဖြူ၊သဘောမတူလို့ အခန်းအောင်း ဆန္ဒပြကာ အဆာအငတ်ခံနေမည်မဟုတ်ပါ။ခြေဆောင့် ငိုယိုကာ ကလေးကလားဆန်ဆန် ရုပ်ပျက်နေမည်လဲ မဟုတ်ပေ။ခါတိုင်းပုံမှန်လိုပင် လှုပ်ရှားနိုးထ၍  Breakfactဝိုင်းမှ မိဘနှစ်ပါးအား ဦးညွတ်နှုတ်ဆတ်လိုက်ပါသည်။

"မောနီး ပါး..."
ပါးက သူ့ကို တစ်ချက်သာ မျက်လုံးလှန်ကြည့်၍ သောက်လက်စလ္ဘက်ရည်ကိုသာ အာရုံရှိဟန် သူ့အားဂရုမစိုက်ဟန်ပြုသည်။ရံလည်း သူ့အား အကဲခတ်လျှက်ရှိသော မားကို ပြုံးပြ ၍အလိုက်သင့် ဝင်ထိုင်လိုက်သည်။

"သား နောက်၂ရက်နေရင် မန်းလေးပြန်တော့မယ်
လျှံ့အနားသားအကြာကြီးမရှိနေလို့မဖြစ်ဘူး
လျှံက အကြာကြီးပစ်ထားလို့မရဘူး"

"သူက မင်းမရှိလို့ဘယ်ဖြစ်ပါ့မလဲ
သူကဒုက္ခိတလေ...နေပါအုန်း သူကမင်းအကြာကြီး
ပစ်ထားလို့မရရအောင် သူကမင်းမွေးထားတဲ့မင်း သားလား၊မင်း အဖေလား ဟမ် "

"ပါး ...ပါးလျှံ့ကို ဒီလိုတွေပဲပြောနေတော့မှာလား"

"ပြောရအောင်လို့ ဘယ်သူလုပ်နေတာတုန်း
မင်းပဲ လုပ်နေတာလေ အဲ့အကောင်က မင်းကို
ဘယ်လိုတွေတောင် ပြုစားထားလို့ အခုလို
လောကနိယာမနဲ့ ဆန့်ကျင်၊မိဘနဲ့ဆန့်ကျင်ပြီးတောင်
သည်းသည်းလှုပ်နေရတာတုန်း ဟမ်!!
ဒီက မင်းကိုမွေးထားတဲ့ အဖေနဲ့အမေကိုကြ
ခေါင်းထဲထည့်ရဲ့လား ခေါင်းထဲထည့်ဖို့ကို
စဉ်းစားဖူးရဲ့လား တော်တော်ကို မွေးရကျိုးနပ်တဲ့ အကောင်"

"ပါး!!!!"

"ငါပြောတာ မှားလို့လား"

"မှားတာပေါ့ ရှင်ပြောသမျှက တရားလွန်လွန်းတယ် "
ဒီတစ်ခါ ပါးကိုအပစ်ဆိုလာသူက မားပင်။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now