*****Zawgyi******
မနက်အိပ်ယာနိုးတော့ ညကအကိုက်ခဲပျောက်ဆေးသောက်ထားတာတောင်ခါးက သိပ်အဆင်မပြေချင်။သူတစ်ချက်လူးလွန့်ရင်းမဲ့လိုက်မိတော့ ဘယ်အချိန်ထဲက နိုးကာ ကြည့်နေသည်မသိသော မောင်က"ကိုကို အဆင်ပြေရဲ့လား"
"အင်း.....ကိုညကဆေးသောက်ထားတယ်"
"သေချာလို့လား
ကိုကို့ကြည့်ရတာမသက်သာသလိုပဲ...."
မောင့်နဖူးလေးကို မွှေးကာရှိုက်ရင်း...."သက်သာသွားပြီ.....ပြီးရင်
ခနနေဆေးထပ်သောက်လိုက်မယ်""ကိုကို....."
"ဟင်....."
"ဒီတစ်ပါတ် ပိတ်ရက်
စစ်ကိုင်းဘက်သွားရအောင်
မောင်တို့ခရီးမထွက်တာကြာပြီလေ""အွင်း ကောင်းသားပဲ
မိစန္ဒီတို့ပါ ခေါ်ရမယ်.....""အင်း....မောင်တို့
နှစ်တွဲ လျှောက်လည်မယ်ပျော်ကြမယ်နော်....""မောင့်သဘော....ပါဗျာ"
"အဲဒါတွေ ချစ်တာ မွမွ...."ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန်မွှေးမွှေးပေးလေတော့....
"ဒါပဲလား...."
"ပြွတ်စ် ပြွတ်စ်...."နှုတ်ခမ်းပါးလေးကိုပြန်ခွာမယ်အလုပ်ဆွဲသိမ်းခံလိုက်ရသော နှုတ်ခမ်းတွေဟာလဲ သက်ဆိုင်သူထံကြည်ဖြူစွာသက်ဆင်း၍။ဒီလိုပဲ ကျွန်တော်တို့ မနက်ခင်းတိုင်းကို အနမ်းချိုချို ရီသံလွင်လွင်တွေနဲ့သာ စတင်ဖြစ်ပါသည်။
ထမင်းစားခန်းထဲမှာ မနက်စာအတူစားနေရင်း....
"ကိုကို ဒီနေ့မောင်အပြင်ခနသွားမယ်နော်"
တကယ်ဆို ကိုကိုက သူ့အပေါ်တားမြစ်တာချုပ်ချယ်တာမရှိသော်လဲ သူကိုယ်တိုင်က ဘာလုပ်လုပ်၊ဘယ်သွားသွား ကိုကို့ကို အသိပေးတက်တာက အကျင့်တစ်ခုလိုဖြစ်နေခဲ့ခြင်း။"အင်း...သွားလေ
ကားယူမလားမောင်....""ဟင့်အင်.... မယူတော့ဘူး
ခနပဲမို့..... ""ဒါဆို ဒီနေ့ နေ့လည်စာလာစားမှာလား..."
"ဒါပေါ့ကိုကိုရ
မောင်အတူမလာစားပေးရင်
ကိုကိုစားမဝင်မှာစိုးလို့...."မောင်ပြောတာလည်းမှန်နေသည်မို့ ထူးပန် ပြုံး၍သာနေမိသည်။
YOU ARE READING
မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)
Romanceဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေးတွေမျှော်လင့်ထားတဲ့အတိုင်းဖြစ်ချင်မှလဲဖြစ်မယ်အဆွိနဲ့အရိုချည်းပဲလဲဖြစ်ချင်မှဖြစ်မှာမို့ အတတ်နိုင်ဆုံးစိတ်ကူးပုံဖော်ပေးထားသမျှတော့ လက်ခံပေးမယ်မလားဟင်💝 💝💝💝 ဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေး...