Z/
ထူးပန် ရှေ့မှ ဘီယာခွက်ကို ငေးစိုက်ကြည့်ရင်းအသိအာရုံတစ်ချို့က ယစ်မူးကာထွေပြားနေလေပြီ။ရင်ထဲက ပူပြင်းလောင်မြိုက်နေမှုတွေကတော့ သောက်သုံးထားခဲ့သော ယမကာရည်တွေကြောင့်ပဲလား ၊မောင့်အား စိတ်မချနိုင်ခြင်း အလွမ်းဝေဒနာတွေကြောင့်ပဲလား။
*လွမ်းလိုက်တာမောင်ရယ်*မောင်အနားမရှိသည်မှာ တစ်ရက်မျှပင် ရှိသေးသော်လည်း သူ့ရင်ထဲတော့ လွမ်းဆွေးခြင်းများဖြင့် နှလုံးသားကမ္ဘာငယ်မှာ ပျက်လုလု။အလွမ်းတွေအားတနင့်တပိုးဖွဲ့သီနေတုန်းမှာပင်
"ဟာ ကိုထူးပန်
တစ်ယောက်ထဲလား "အနားရောက်လာသူအားလှည့်ကြည့်လိုက်တော့ ကျော်ကြီးဖြစ်နေသည်။"အင်း တစ်ယောက်ထဲ
မင်းရော ""ကျွန်တော်က အသိတွေပါတယ်
ခဗျားကိုတွေ့လို့ ""အွင်း ခုမှလာတာလား"
"မဟုတ်ဘူး ခန
ကျွန်တော် ဟိုဘက်အဖွဲ့သွားနှုတ်ဆက်လိုက်အုန်းမယ်"ဆိုကာ ထထွက်သွားတဲ့ ကျော်ကြီးကိုကြည့်ရင်း မောင့်ကိုလွမ်းတဲ့ဝေဒနာက ပိုလို့တိုးလာသလိုကြောင့် လက်ထဲကဘီယာခွက်အား တစ်ကျိုက်ထဲမော့ချလိုက်မိသည်။
အနားပြန်ရောက်လာသောကျော်ကြီးက"ဖြည်းဖြည်းသောက်ပါဗျာ ခဗျားဆီကဘယ်သူမှလုမသောက်ပါဘူးဗျ ဘာလဲ ခဗျား ငစိုင်းနဲ့ရန်ဖြစ်လာတာလား"သူခေါင်းခါတော့
"ဒါဆို တခြားပြသာနာတစ်ခုခုရှိနေလို့လား
သိပ်လည်းသောက်မနေနဲ့အုန်း အိမ်ပြန်ရောက်မှ
ငစိုင်းပွားတာ ခံနေရအုန်းမယ်""သူမရှိဘူး"
"ဘယ်လို !သူမရှိဘူးဆိုတော့
သူကဘယ်သွားလို့တုန်း မဟုတ်မှ ခဗျားတို့ရန်ဖြစ်ပြီး ""တောင်ကြီးပြန်သွားတယ်"
"ဘာ ! တောင်ကြီးတောင်ပြန်သွားရအောင်ထိ
ခဗျားတို့ .....ဘယ်လိုတွေဖြစ်ကြတာတုန်း?
နေအုန်း ခဗျားသူ့ကို နှင်ချလိုက်တာလား"ထူးပန်မှာ အူကြောင်ကြောင်နဲ့ ထင်ရာစွတ်ပြောနေပါသော ကျော်ကြီးကြောင့် ညစ်နေတဲ့စိတ်တွေက ပိုရှုပ်ထွေးလာကာ
CZYTASZ
မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)
Romansဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေးတွေမျှော်လင့်ထားတဲ့အတိုင်းဖြစ်ချင်မှလဲဖြစ်မယ်အဆွိနဲ့အရိုချည်းပဲလဲဖြစ်ချင်မှဖြစ်မှာမို့ အတတ်နိုင်ဆုံးစိတ်ကူးပုံဖော်ပေးထားသမျှတော့ လက်ခံပေးမယ်မလားဟင်💝 💝💝💝 ဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေး...