💝M19💝

3.1K 324 75
                                    


#Zaw
#Uni
*****ZawGyi*****
တစ်နေ့ထက်တစ်နေ့ ပိုကဲလာသော နိုဝင်ဘာရဲ့အအေးဓါတ်က အအေးကြောက်သော စိုင်းအတွက် နွေးထွေးရာ ကိုကို့ရင်ခွင်ရှိနေလို့သာ တော်သေးသည်။သို့သော် အရင်က ကိုကို မနိုးခင် နိုးနှင့်သော စိုင်တစ်ယောက်အကျင့်ပျက်လာသည်။အရင်လို ကိုကို ရုံးသွားခါနီးဝေယျာဝေစ္စတွေ ထမလုပ်ပေးနိုင်။ကျောင်းကလည်း မကြာခင်တက်ရတော့မည်မို့ ရသည့်အချိန်၊ကျန်သည့်အချိန်လေးကို သူအပျင်းတစ်လို့မဝ။အခုလည်း သူ့နဖူးလေးကို အနမ်းဖွဖွခြွေရင်း ကုမ္မဏီ သွားပြီဖြစ်သော ကိုကို့ကျောပြင်ကို စောင်ပုံထဲမှ ငေးကြည့်နေခိုက် တီခနဲ ဝင်လာသော SMS တစ်စောင်။ဘယ်သူ့ဆီကလဲတော့ ပြောဖို့လိုမယ်မထင်။

📩📩📩မောနင်းပါ စိုင်း နိုးနေပြီလား ဒါမှမဟုတ်
ရာသီဥတုက အေးအေးနဲ့ ကွေးကောင်းနေတုန်းလား
ကိုယ်နဲ့ မနက်စာ အတူမစားပေးချင်ဘူးလားစိုင်းရယ် ကိုယ်တစ်ယောက်ထဲစားဖို့က..... စိုင်းလာပေးမယ်မလားဟင်📩📩📩တွေ့ရတဲ့ စာတိုလေးကြောင့် စိုင်း ပြုံးလိုက်ပြီး...

"Ok"ဆိုသော စာလေးပြန်ပို့ပြီးနောက် စောင်ပုံထဲမှ ထကာ ရေနွေးနွေးလေးစပ်၍ အမြန်ချိုးကာ...
စိမ်းရင့်ရောင် ဆွယ်တာ လည်ပင်းပိတ်လေးနဲ့ ပြာလွင်လွင် ဂျင်းဘောင်းဘီအရှည် လေးကို တွဲဖက်ဝတ်ဆင်ပြီး ကိုစည်း ပို့ထားတဲ့ ဆိုင်လိပ်စာ အတိုင်း ထွက်လာခဲ့သည်။သူခြံဝမှ အထွက် ခြံရှေ့မှာ ရပ်ထားသော ကားပေါ်မှ မိမိကို ပြုံးကာ ကြည့်နေသော ကိုစည်း။နဂို ဝိုင်းသော မျက်လုံးလေးတွေက ဝိုင်းစက်သွားပုံများ ရံစည်းစိမ်ပင် အမှတ်တမဲ့ ငေးမောမိသည်ထိ။စိုင်း ဆိုင်ကယ်ပေါ်မှ ဆင်းကာ

"ကိုစည်း ဘယ်လိုလုပ်ရောက်"

"ကိုက ဖိတ်ခေါ်ထားတာပဲ ညီရာ
ကိုယ်ကလာခေါ်ရမှာပေါ့
ဆိုင်ကယ်စီးရင် လေတိုးပြီး ညီအေးနေမှာလေ"

"အဟက်! ကိုစည်းကတော့
အပြောကောင်းတယ်ဗျာ
ဒါဆို ကျွန်တော် ဆိုင်ကယ်ပြန်ထားလိုက်အုန်းမယ်"
ရံစည်းစိမ် အထဲ ပြန်ဝင်သွားတဲ့ စိုင်းကိုကြည့်ကာ
ရင်ထဲမကောင်း ။သူ ဒီကလေးအပေါ် ခင်တွယ်မိပါသည်။တကယ့်ကို ဖြူဖြူစင်စင်ပုံစံလေးနဲ့ စိုင်းက လျှံတို့အပေါ် သွေးအေးအေးနဲ့ ရက်စက်လွန်းရက်ခဲ့သည့် ကလေးရယ်လို့ ယုံနိုင်စရာမရှိ။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Donde viven las historias. Descúbrelo ahora