💝M48💝

2.6K 251 59
                                    

Z/

ငစိုင်း
ထွက်လာကတည်းက စိတ်ထဲ အနည်းငယ်ထင့်နေသည်မို့ ဦးမောင်ကို အားနာသော်ငြား သူတစ်ထောက်မနားခရီးဆက်လာခဲ့သည်။ညည့်ကလည်း နက်သထက်နက်လာသလို ခရီးကလည်း တစ်ဝက်ကျိုးလုကျိုးခင် ကျိုးလာပြီ။သူတစ်လှည့်မောင်းပေးမည်ဆိုတော့လည်း စိတ်နဲ့လူက ကပ်တစ်လှည့်လွင့်တစ်လှည့်ဖြစ်နေသောသူ့လက်ထဲ ဦးမောင်က ကားမအပ်နိုင်။သူတို့ထွက်လာတာ ည ၇:၃၀ လောက်က ထွက်လာကြတာ။မန်းလေးနဲ့တောင်ကြီး ခရီးစဉ်ရဲ့ အလွန်ဆုံးကြာချိန် လမ်းမှာဟိုဝင်၊ဒီိနား လုပ်ရင်တောင် ၉နာရီသာရှိမည်။ဒီတော့ သူ ဟိုကို မနက် ၄:၃၀/ ၅နာရီ ရောက်နိုင်သည်။သို့သော် ကိုကိုက သူ့ကိုလက်မခံဘဲ မောင်းထုတ်ခဲ့လျှင်သော် ဟု တွေးမိတော့လည်း သူဘယ်ကိုသွားရမည်မသိ။ဦးဆုံး ကိုကို့ဆီပဲ ပြန်ရမလား တီလေးဆီပဲ သွားရမလား ခုထိ သူဝေခွဲမရ။ကိုကို သူ့အားမောင်းထုတ်မည်ကို သူကြောက်သည်၊ကိုကို သူ့အားမောင်ထုတ်ခဲ့လျှင် သူမခံစားနိုင်မှာကြောက်သည်။

မောင့်ကို မောင်းမထုတ်လိုက်ပါနဲ့ ကိုကို။မောင်မှားခဲ့ပါတယ်၊မောင်အလိုလောဘအတ္တကြီးခဲ့မိပါတယ်။ကိုကို့ခံစားချက်တွေကိုထည့်မတွက်ဘဲ မောင်လိုချင်၊မောင်ဖြစ်ချင်တဲ့ အနေထားမျိုးတွေ ပဲ ရချင်ခဲ့မိတယ်။ဘယ်လိုအခြေနေမျိုးမှာပဲ ဖြစ်ဖြစ် မောင့်အတွက်ရှိနေမဲ့၊မောင့်အနားရှိနေမဲ့ ကိုကို ဖြစ်စေချင်ခဲ့တာ၊ကိုကို့ဘက်၊ကိုကို့ခံစားချက်တွေကို လျစ်လျူရှုမိတာ မောင်သိပ်မှားခဲ့တယ်။

ဪ စိုင်းဟိန်းထက်......စိုင်းဟိန်းထက် မင်းတော်တော်တရားကျဖို့ကောင်းတဲ့ကောင်ပါလား။ကို့အလှည့်ကျ ခံစားနာကျင်ရမှာကြောက်သည်တဲ့။သူ့တုန်းကကြ ကိုကို့အား ခရီးရောက်မစိုက် ရင်ဝဆောင့်ကန်ကြိုဆိုခဲ့သလို ဖြစ်ခဲ့ရသည်မလား။အခုမှကြောက်မနေနဲ့ ငစိုင်း ဘုံလုံတစ်လှည့်၊ဖျံတစ်လှည့်ပေါ့ ကိုကိုက မင်းလိုကောင်မဟုတ်ဘူး။သူကသာ တွေးကြောက်နေတာ ကိုကိုက သူ့အား အဲဒီလောက်ထိတော့ ရက်စက်လိမ့်မည်မထင်ပါ။အွင်း ဟုတ်တယ် ကိုကိုက သူ့ကိုသိပ်ချစ်တာပဲမလား။စချစ်ခဲ့ရသူက သူဖြစ်ခဲ့ သော်ငြား ပိုချစ်ပေးခဲ့သူက ကိုကိုသာလျှင်ဖြစ်ခဲ့သည်။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now