💝M51💝

2.7K 205 35
                                    

U/

ငစိုင်း မိမိအား နစ်နေအောင် ပွေ့ဖက်ထားရင်း အိပ်ပျော်နေဆဲ ကိုကို့အား ငေးကြည့်နေမိသည်။ကိုကို့ မျက်ခုံးစိမ်းတန်းလေးတွေထံ လက်တို့ တို့ထိရင်း သူတွေးမိသည်။

ချစ်ရသူနဲ့ အတူနိုးထရခြင်းက ဘဝကို ပျော်ရွှင်မှုအပြည့်နဲ့ ရှင်သန်နိုင်ခြင်းအဓိပ္ပါယ်ပင်။ဒီရဲ့ အနှစ်သာရတွေကို တစ်ကြိမ်ဆုံးရှုံးလုနီးနီး ဖြစ်ဖူးခဲ့ပြီမို့ အတူရှိနေရခြင်း၊ရှိနေနိုင်ခြင်းများရဲ့ အကျိုးကျေးဇူးနဲ့ အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးတွေကိုသူကောင်းကောင်းနားလည်နေခဲ့ပြီ။

ထိုအဖြစ်မျိုး ထပ်ပြီးမကြုံချင်တော့ပါ။မေမေမှာကြားလိုက်သော ဆုံးမစကား တွေ ပြန်ကြားယောင်မိလာသည်။သူဟာမိန်းမတစ်ယောက် မဟုတ်သော်ငြား အိမ်ထောင်ရှင်တစ်ယောက်ပေမို့ အိမ်ထောင့်တာဝန်တော့ ယူရမည်ပင်။ကိုကိုက အိမ်ထောင်ဦးစီးနေရာ တာဝန်ကျေပွန်နေပါလျှင် သူက အိမ်ထောင်ရှင်မ နေရာ တာဝန်ကျေပွန်သင့်သည်မဟုတ်လား။ဒါက ယောကျာ်း မိန်းမ ဖြစ်တည်ခြင်းနဲ့မဆိုင်။အိမ်ထောင်တစ်ခုရယ်လို့တည်ဆောက်ပြီးရင်  သူ့နေရာ၊ငါ့နေရာရယ်လို ခွဲခြားနေလို့မရနိုင်ပေ။အိပ်ယာပေါ်မှ နေရာအနေထားနဲ့လည်း လားလားမျှ မဆိုင်။

သူတို့အတွက် ၊ယောကျာ်းနှစ်ယောက်အနေနဲ့ အထက်ပုဂ္ဂိုလ်၊အောက် ပုဂ္ဂိုလ်ဆိုသည်ကား ဘေးလူတွေအမြင် ၊သုံးသပ်ချက်နဲ့ ဖြစ်တည်နေတာမဟုတ်။နှစ်ယောက်ကြား နားလည်မှု၊ဦးစားပေးမှု သူ့ဆန္ဒ ၊ကိုယ့်ဆန္ဒတွေ အပေါ် ဖြည့်တင်းပေးဆပ်မိကြခြင်း သပ်သပ်သာ။

ဟမ်!!! နေပါအုန်း !!!
ဘယ်ကဘယ်လို အိပ်ယာပေါ်က အကြောင်းကိစ္စက ပါလာရပြန်တာတုန်း။စိုင်းဟိန်းထက်ရေ....စောစောစီးစီး မိုးမလင်းသေးဘူးဟ။အဲလိုနဲ့ စိတ်က ထတော့မှာ မြင်ယောင်နေပြီ ငါတော့။

"ရွှတ်စ် " ကိုကို့နဖူးအား မော့ကာ တစ်ချက်နမ်းလိုက်ပြီး ခါးပါ်မှ လက်တွေကို အသာဖယ်ခွာရသည်။နာရီကြည့်လိုက်တော့ မနက် ၆:၃၀ ။ဆောင်းကုန်ခါနီး ရာသီချိန်မို့ အအေးဓါတ်က သိသိသာသာ လျော့လာလေပြီ။ဒီတော့ ဆေးရုံမှ မလျှော်လာခဲ့ရသေးသော အဝတ်တွေနဲ့ ကိုကို့ အဝတ်ပေတွေ ကောက်ဆွဲ၍ လျှော်ဖွပ်ပြီး ရေတစ်ခါထဲချိုးရန်ပြင်လိုက်သည်။

ေမာင့္ကိုခ်စ္ေသာကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now