💝M21💝

3.1K 370 34
                                    

*****Zaw****
လျှံ

ဒီရက်ပိုင်းသိပ်စိတ်မပျော် ခုလည်း အိပ်ယာထက်ဟိုဒီလူးလွန့်ရင်း ဆိုဖာခုံရှည်ကြီးထက် ရင်ဘတ်ပေါ်
လက်လေးဆုံရင်း မတ်မတ်အိပ်နေတဲ့ ရံ့ဆီ အကြည့်တို့တည်မိပြန်သည်။ရံ.... သူစိတ်မပျော်ရခြင်းအကြောင်းရင်းက ရံနဲ့သက်ဆိုင်နေသည်မှာက ငြင်း၍မရ။

ရံ ခုတလော ဟိုကောင်လေးနဲ့ အရမ်းတွေနီးကပ်လွန်းနေသလိုသူခံစားရသည်။ဒါဟာ သူ့ကြောင့်၊သူ့အတွက်ဆိုသော်လဲ လိုအပ်သည်ထက် ပိုကာ ထိုကောင်လေးထံ ရံပါ ပျော်ဝင်နေသည်ဟု ခံစားနေရသည်။ရံ့ကို သူယုံသည်။သို့သော်.....

သူသိခဲ့သော ရံစည်းစိမ်ဆိုသော လူစားက Gay တစ်ယောက်တော့ မဖြစ်နိုင်ကောင်းပါဘူး။ထို့အပြင် မိန်းကလေးတွေနဲ့ ပက်သက်ယှက်နွယ်ခြင်းမရှိ၊ကင်းရှင်းခဲ့သော ရံက ဉာဏ်များလွန်းသော ထိုကောင်လေးရဲ့ ညွတ်ကွင်းအောက်မှာများ.....။ဟင်အင်
မဖြစ်ဘူး မင်းကိုပါတော့ ထပ်ပြီးငါဆုံးရှုံးလို့ မရဘူးရံ။

တော်ပြီလေ ကံကြမ္မာ ရယ် ကျွန်တော်အပေါ် ဒီလောက်ရက်စက်ရကျေနပ်ရပေါ့။ကျွန်တော့်အနားက ရံ့ကိုပါ ဆွဲထုတ်ယူသွားအုန်းမယ်ဆို... ဟင်အင် မဖြစ်ဘူး တကယ်မဖြစ်ဘူး။အဲ့အစား ကျွန်တော်ဆိုတဲ့ တည်ရှိမှုလေး ပျောက်ကွယ်သွားတာကမှ။

စိုင်းဟိန်းထက်
မင်း မင်းကတကယ်ပဲ ဆုတောင်းတွေကောင်းခဲ့လွန်းတာလား။ငါတို့ကပဲ ဝတ်ကြွေးတွေ ကြီးလွန်းနေခဲ့တာလားဟင်။ဘာလို့ ငါ့အချစ်ရဆုံးတွေကမင်းကိုပဲ
မင်းဆီမှာပဲ...။လျှံ သူကိုယ်တိုင်တောင် မသိလိုက်ခင်မှာပင် ကျလာခဲ့သော မျက်ရည်ပူတွေကို သူမသုတ်ဖယ်မိ။အဲ့အစား နှုတ်ခမ်းကိုသာ အသာကိုက်၍ ရံ့ကိုသာ ငေးကြည့်မဝဖြစ်နေမိသည်။

သူကြောက်သည်၊ဒီလူကို ဆုံးရှုံးရမှာ၊ဒီလူကို လက်လွှတ်ပေးလိုက်ရမှာ သူကြောက်သည်။ခု ဖြစ်ပေါ်နေတဲ့ သူ့ရင်ထဲက ကြောက်ရွံ့စိုးထိတ်မှုနဲ့ ခံစားချက်အတိမ်နက်ကိုလဲ သူမရှာဖွေချင်။အင်း..သူမထုတ်ဖော်ချင်တာဆို ပိုမှန်မယ်။ရံ ငါမင်းကို ယုံလို့ ရတယ်မလားဟင်၊အနည်းဆုံးတော့ ငါ့အတွက် မင်းရှိနေပေးအုန်းမယ်မလား။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now