Z/
ငစိုင်း
ရုတ်တရတ်အိမ်ကိုပေါက်ချလာသည့် ကိုစည်းကြောင့် အံသြရသည်ကအမှန်ပင်။ဒါ့အပြင် အထုပ်ပိုးတွေနဲ့ရောဆိုတော့ ...။
ဟင်း ဒါက ဒီလိုဖြစ်နိုင်ချေရှိတာက ၈၀%လောက်ရှိမှန်း သူတို့ ခန့်မှန်းမိပြီးသားပင်။သို့သော် ဒီလောက်ရုတ်တရတ်ဆန်ကာမြန်ဆန်လိမ့်မည်ဟုမထင်ထားခဲ့ခြင်းသာဖြစ်သည်။။ဘယ်နှယ့် မနေ့ကပဲ ဖွင့်ပြောတယ် ဒီနေ့အိမ်ပေါ်က ဆင်းရတယ်။ဒါက သူ့တုန်းကလောက်တော့ အခြေနေမဆိုးသေးပေမဲ့ ကောင်းလည်းကောင်းမနေပေ။"အဲဒီတော့ ကိုစည်းဘာဆက်လုပ်မယ်စိတ်ကူးထားလဲ ကျွန်တော်တို့မန်းလေးပဲပြန်ကြမလား ?
ဒါမှမဟုတ်...."သူ့ရဲ့ ဒါမှမဟုတ်မှာ အားကိုးတကြီးမော့ ကြည့်လာတဲ့ ကိုစည်းပုံစံလေးကြောင့် ငစိုင်းရယ်ချင်မိသွားပေမဲ့ မရယ်ရက်ခဲ့။"ဒါမှမဟုတ် ကျွန်တော်တို့ ကိုလျှံဝေသော့် ဆီက တုန့်ပြန်ချက်အခြေနေကို စောင့်ရင်း ကိုစည်းမိဘတွေလက်ခံနိုင်လာအောင် ကြိုးစားကြည့်အုန်းမလား?
ဒါက သိပ်တော့မလွယ်၊မဖြစ်နိုင်လောက်ပေမဲ့ လုံးဝမဖြစ်နိုင်တာမျိုးလည်း ဟုတ်မနေဘူးလေ မကြိုးစားကြည့်ဘဲ ရလာဒ်ကို လွယ်လွယ်နဲ့ အရှုံးပေးလက်ခံရမှာ နည်းနည်းတော့ ....ထားပါ ဒီတော့ ကိုစည်း ဘယ်လိုလုပ်ချင်လဲ ""ကိုယ်ဘယ်လိုလုပ်သင့်လဲ "
"အင်း ကျွန်တော့်အမြင်ကတော့ ဒီထိတောင် ခရီးရောက်လာမှတော့
မထူးတော့ပါဘူး ကျွန်တော်တို့ ကိုလျှံဝေသော့် ဘက်က တုန့်ပြန်မှုကို ခနစောင့်ကြည့်ကြသေးတာပေါ့"သူ့စကားကို ကိုစည်းက ထောက်ခံကာ ခေါင်းငြိမ့်လေသည်။"ဒါဆို ကိုယ်လောလောဆယ် နေဖို့က ..."
"ကျွန်တော့်အိမ်မှာပဲ နေလိုက်လေ "
"ဟင့်အင် မလုပ်ပါနဲ့ကွာ
ကိုယ်ဟော်တယ်မှာပဲ သွားနေလိုက်ပါ့မယ်
ကိုယ့်ကို ဟော်တယ်တော့ လိုက်ပို့ပေးကိုယ့်မှာ ကားလည်းပါမလာခဲ့ဘူး.."သူ အဲဒီလောက်ထိတော့ မျက်နှာမပြောင်နိုင်ပါ။ဟုတ်သည်လေ ဒီကလေးက သူနဲ့ လျှံ့အချစ်ရေးအတွက် အစစရာရာအကြံပေးကူညီနေခဲ့တာ။သူချစ်ရတဲ့ ယောကျာ်းကိုခနထားကာ မိမိနဲ့လိုက်လာပေးသည်ကပင် အတော်လွန်ကာ အားနာဖို့ကောင်းနေပေပြီ။ဒီကြားထဲ သူ့ခမျာ လျှံ့အမုန်းနဲ့ရန်လိုမှုက ခံရရှာသေးသည်။ဒါကိုတောင် အိမ်ကဆင်းလာင်္ပြး သူ့အိမ်မှာ တက်နေဖို့ဆိုသည်က အင်မတန် မျက်နှာပြောင်လွန်းရာ ကျပေပြီ။သူအဲဒီလောက်ထိတော့ မျက်နှာမပြောင်နိုင် ၊မပြောင်ချင်ပါ။
VOUS LISEZ
မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)
Roman d'amourဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေးတွေမျှော်လင့်ထားတဲ့အတိုင်းဖြစ်ချင်မှလဲဖြစ်မယ်အဆွိနဲ့အရိုချည်းပဲလဲဖြစ်ချင်မှဖြစ်မှာမို့ အတတ်နိုင်ဆုံးစိတ်ကူးပုံဖော်ပေးထားသမျှတော့ လက်ခံပေးမယ်မလားဟင်💝 💝💝💝 ဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေး...