💝M41💝

2.1K 192 37
                                    

Z/

လျှံ
သူစေခိုင်းထားသော လူတစ်စုမှ ပေးပို့သော လိပ်စာအတိုင်း ဆုထူပန်ကို မောင်းခိုင်းလိုက်ပြီး ရင်ထဲအနည်းငယ် စိတ်ပူနေမိသည်။အပြင်ပန်းဟန်က တည်ငြိမ်အေးဆေးနေသောငြား သူ့ရင်ထဲဗလောင်ဆူနေခဲ့ပါသည်။ပေးပို့လာသောစာအရ ထိခိုက်သွားရသူက ဟိုသကောင့်သားလေးမဟုတ်ပဲ အခြားတစ်ယောက်ဟု ဆိုသည်က သေချာပေါက် ရံသာဖြစ်လိမ့်မည်။စိတ်ဆိုးတယ် သူတကယ်စိတ်ဆိုးတယ် ကိုယ့်ကိုကိုယ်အထိခိုက်ခံပြီး တခြားသူကိုကာကွယ်ပေးတဲ့ ရံ့ကိုရော၊ရံထိခိုက်သွားရအောင် ကာကွယ်ပေးခြင်းခံရတဲ့ စိုင်းဟိန်းထက်ကိုရော။သူကဘာမလို့ ရံက သူ့အတွက်ကာကွယ်ပေးလိုက်ရတာလဲ?။အား.....ချီးပဲ ...လှိမ့်ထွက်လာနေတဲ့ ဒေါသတွေကို ကျိန်ဆဲခြင်းနဲ့ ပြန်ဖာထေးနေရသည်။

*ရံ မင်းပြောခဲ့တယ်မလား မင်းတစ်ဘဝလုံး ကာကွယ်စောင့်ရှောက်သွားချင်တဲ့သူ၊ပေးချင်တဲ့သူက ငါပါဆို၊ငါတစ်ယောက်ထဲဆို။မင်းလိမ်တယ် ငါသိပ်မုန်းတဲ့သူကိုမှ မင်းက မင်းကိုမင်း အထိခိုက်ခံပြီးကာကွယ်ပေးခဲ့တယ်ပေါ့၊မင်းလုပ်ရဲတယ်လား?*

လျှံ လက်ပိုက်ထားရင်း လက်ချောင်းလေးတွေက လက်မောင်းသားတွေအား တင်းတင်းဆုပ်ကိုင်မိတော့ ဖြူနုသော အသားထက် လက်ငါးချောင်းရာက ထင်းခနဲရဲတက်လာသည်အထိ။သိပ်မကြာပါ သူတို့ ရရှိထားသည့် လိပ်စာ အတိုင်း ရောက်လာတော့
အေးချမ်းကာ နေချင်စဖွယ် လုံးချင်းတစ်ထပ်တိုက်လေးကိုတွေ့ရသည်။ခြံဝင်းထဲကို တစ်ချက်ဝေ့ကြည့်လိုက်တော့ စိုင်းဟိန်းထက်ဆိုင်ကယ်ဟု ယူဆရသော ဆိုင်ကယ်တစ်စီးကရပ်လို့ထားသည်။

ထူးပန်
သူ...ကားကို ခြံဝမှာပင် ရပ်ပစ်လိုက်သည်။သူအထဲသို့ မဝင်ရဲပါ၊မဝင်ဝံ့ချေ။ဘေးနားရှိ လျှံဝေသော်ကလည်း မြင်နေရသည့် ထိုအိမ်လေးကိုသာ ငေးမောရင်း သူ့ကို ဘာစကားမှမဆို။သူ အချိန်အတော်ကြာသည်အထိ ငြိမ်သက်နေပြီးမှ
လျှံဝေသော်ကို ဝှီးချဲ ချပေးလိုက်ပြီး သူ့ကို တွဲထူ၍ ဝှီးချဲပေါ် တင်ပေးလိုက်သည်။နောက် သူ ထိုနေရာမှာတင် တုတ်တုတ်မျှမလှုပ် ရပ်နေမိပြန်တော့ လျှံဝေသော်က

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now