💝M23💝

2.9K 312 50
                                    

****Zaw&Uni****
****Zaw*****
စိုင်း
ထွက်ခါနီးမှ ကိုစည်းက နည်းနည်းနောက်ကျမယ် ဆိုတာကြောင့် သူလည်း ချိန်းဆိုထားတဲ့အချိန်ထက် ၁၅မိနစ်လောက်နောက်ကျပြီး ထွက်လာခဲ့သည်။ဒါတောင် သူ အတော်ကြာသည်အထိ စောင့်လိုက်ရပြီးမှ ရောက်လာသောကိုစည်း။

ကိုစည်း တွန်းလာသောဝှီးချဲပေါ်မှ လူသားက ကိုလျှံဝေသော်။စိုင်း ကကိုလျှံ့ကို ခုလိုတွေ့မြင်ရတော့
ရင်ထဲတကယ်မကောင်းပါ။သူ့အမှားတွေဟု နောင်တမရပါသော်လဲ သူ့လုပ်ရပ်တွေကြောင့်မဆိုင်တဲ့သူတွေပါ ထိခိုက်ခဲ့ရခြင်းအပေါ်မှာတော့ သူတကယ်ကိုစိတ်မကောင်းပါ။

လုပ်ခဲ့တုန်းကတော့ စိတ်အလိုက်၊ဒေါသရှေ့ထားကာ
တုန့်ပြန်ခဲ့မိခြင်းဖြစ်ပေမဲ့ ခုလို မဆိုင်သူတွေပါ ထိခိုက်ရမည့် အကျိုးရလာဒ်ကိုတော့ သူတကယ်မတွေးခဲ့မိခြင်း။အဲ့အချိန်တုန်းက ကိုကိုနာကျင်ခဲ့ရသလို၊သူရူးမတက် ခံစားခဲ့ရသလို ဖူးပွင့်သော်ကို ခံစားရစေချင်ရုံ။အနားရောက်လာသော ကိုစည်းက နောက်ကျရခြင်းအတွက် အားနာစကားဆိုလာတော့
သူပြုံး၍သာ အဆင်ပြေကြောင်း ပြောရသည်။

လျှံဝေသော်
ရှေ့မှာ မြင်နေရတဲ့ ဖြူဖြူနုနုနဲ့ အရင်ကထက် ပါးလေးတွေ ပိုဖောင်းကစ်ကာ ပိုချောလာတဲ့ကောင်လေးကို မမှိန်မသုန် စိုက်ကြည့်နေမိသည်။နီရဲရဲ ခပ်ပါးပါး နှုတ်ခမ်းပါးလေးတွေက ပြုံးရိပ်ဆင်ကာ စကားလေးတွေကအစချိုနေသယောင်။
သို့သော် သူမျှော်လင့်သော ထိုကောင်လေးဆီမှ သူ့အပေါ် အားနာစကား တောင်းပန်စကားဟူ၍ ထွက်မလာပါ။ဟွင့်...လျှံတို့င်္တေ မျက်ရည်ပင်လယ်ဝေနေခဲ့ရချိန်မှာ
သူတို့ကတော့....

နာကျည်းမှုကြောင့် လက်သီးကိုကျစ်ကျစ်ဆုပ်ရင်း
တုန်လှုပ်နေတဲ့ နှုတ်ခမ်းပါးတွေက အုံနဲ့ရင်းနဲ့ ဖွဲ့တည်နေတဲ့ နာကျည်းချက်အမုန်းတရားတွေ ပွင့်အံထွက်မလာစေရန် ချူပ်တည်းနေရခြင်းကြောင့်။

စိုင်း ကိုစည်းနဲ့ စကားပြောနေရင်း မျက်လုံးထောင့်မှနေ က်ုလျှံ့ဆီမှ မဲ့ပြုံးလေးကို လှစ်ခနဲ တွေ့လိုက်ရပြီး စိတ်ထဲတွေးမိသည်က ကလေးဆန်လိုက်တာ။အစ်ကိုရော ညီမရောက ကလေးဆန်ကြတာပဲ။
ခဗျားမပူပါနဲ့ကိုလျှံဝေသော ကျွန်တော့်ကြောင့် ခဗျားတို့ခံစားခဲ့ရသမျှ ကျွန်တော်က ခဗျားအတွက် တစ်သက်လုံး ပျော်ရွှင်သွားစေဖို့ ပြန်ပေးဆပ်မှာပါ။
လူတိုင်းက ကိုယ်ချစ်ရတဲ့သူနဲ့သာဆို..... စိုင်းမိမိအတွေးကို မိမိသဘောကျကာ ပြုံးမိရင်း ။ကိုစည်းကို

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Donde viven las historias. Descúbrelo ahora