💝M46💝

2.6K 208 29
                                    


Z/

လျှံ.... ဆုထူးပန်တစ်ဖက်မှ Phချသွားပြီးနောက်ထိ
ရံ့ရဲ့ ကြည်စယ်စနောက်မှုတွေကို အချိန်အတော်ကြာသည်အထိ တွန်းလှန်ခုခံနေရသည်။သူ မော၍ ချောင်းတစ်ချက်၊နှစ်ချက် ဆိုးလာကာမှ ရံကအလျှော့ပေးလေတော့သည်။သူ....ရံ့အား ထုရိုက်ရသည်ကိုပင် မောလှ၍ ရံ့ရင်ခွင်ထက် ခနလောက်ငြိမ်သက် အနားယူနေလိုက်သည်။နောက် အခုထိတငွေ့ငွေ့နွေးနေဆဲ လူမမာအတွက် သူ ဟိုကျတ်သတုံးကို မမြင်ချင်၊မရှုချင်သော်လည်း ပင့်ရခေါ်ရလိမ့်အုန်းမည်ဟု တွေးမိတော့ နှာခေါင်းလေး ရှုံ့ ကာ နှုတ်ခမ်းပါးလေးက စူထွက်လာသည်။

ရံက သူ့အား ငုံ့ကြည့်ရင်း မြတ်နိုးစွာရယ်၍ ပါးအိအိလေးတွေထံ သူ့နှာခေါင်းလေးနှစ်လာသည်။

"အား....,မွှေးနေတာပဲ မွမွ "

"ဘာလဲ.....ဂျေးစော်လား "

"ဘယ်ကလာ...,,"

"မန်းလေးကလေ အဟက် မန်းလေးကထွက်လာကတည်းက အခုထိ ငါရေမချိုးရသေးတာ တစ်ရက်တစ်ညရှိနေပြီ "

"ရေမချိုးထားရလည်း မွှေးနေတုန်းပဲကွာ "

"ဂျေးစော်လား...."မေးကာ ရယ်မော၍ ရင်ခွင်ထဲမှ ကုန်းထနေသူကို ရံပြန်ဆွဲထားလိုက်ပြီး

"ဟင့်အင်း.....အီးစော်"

"ဘာ....ရံစည်းစိမ် မင်းမဟုတ်တမ်းတရားပေါက်ကရတွေမပြောနဲ့ "

"အယ်...ကိုယ်ဘယ်မှာပြောလို့လဲကိုယ်က လျှံ့ကို မွှေးတယ်ပဲပြောမိတာလေကွာ မင်းဘာသာ ဂျေးစော်လားနဲ့ ဇွတ်လုပ်နေတာမဟုတ်ဘူးလား"

"မင်....မင်း...."

"ကိုယ်...ကိုယ်...ဘာဖြစ်လဲ ကိုယ့်ကိုချစ်တယ်လား "

"ဆုတောင်းလေ ...."

"ဒါဆို ဆုတောင်းရင် ပူဖောင်းရမှာလား "

"မင်း ကလေးလား ရံစည်းစိမ် ဟမ်!!"

"အွင်း ကလေး ငါကမင်းနဲ့ဆို
ကလေးပဲဖြစ်ရဖြစ်ရ ခွေးပဲဖြစ်ရရ "
ရံ့စကားကြောင့် လျှံနှစ်ခြိုက်စွာရယ်လိုက်မိသည်။ထိုစဉ် ပါးချိုင့်ကလေးက ခွက်ဝင်သွားသည်။ဒါကိုပင် ရံစည်းစိမ်တို့ကလည်း အမိအရ နမ်းဖြစ်အောင်နမ်းလိုက်သေးသည်။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now