💝M10💝

5.1K 407 73
                                    


*****Zawgyi******

👉📩

စိုင်း
ကိုကို ရုံးသွားရန် ကူညီပြင်ဆင်ပေးနေရင်း "ချလမ်..."ဟူသော အသံလေးနဲ့အတူ မက်ဆေ့ဝင်လာသံလေးကြောင့် စားပွဲပေါ်မှ ဖုန်းလေးထံ အကြည့်တစ်ချက် ဝင့်ဝဲသွားသော်လည်း အော်ပရေတာမှ Sms သာ ဖြစ်လိမ့်မည်ဟု အရေးမထားမိပါချေ။ကိုကို့ကိုသာ အိမ်ကျီကြယ်သီးအစုံ တပ်ကာ နတ်တိုင်ပါ ချည်ပေးပြီးနောက် ခါးကို ဖတ်တွယ် ရင်ခွင်ထဲတိုး ချွဲအားပိုရင်း.....

"ကိုကို...မောင်ဒီနေ့
ကျော်ကြီးဆီ ခနသွားမယ်နော်...."

"ကျော်ကြီးက ပြန်ရောက်နေပြီလား
ကျောင်းတက်ဖို့က လိုသေးတာကို...."

"အင်းမနေ့ကရောက်တာ
သူဒီမှာ အလုပ်တစ်ခုရှာပြီး လုပ်မလို့တဲ့"

"ဘာလုပ်မလို့တဲ့လဲ
ကျောင်းမှမပြီးကြသေးဘဲ....."

"မသိဘူး....သူ့ချစ်ဆုံးကြီးနားနေချင်လို့
အကွက်တွေရွှေ့နေတာ နေမှာပေါ့....."

"အင်း...ဟုတ်ပါပြီ
ဒါပေမဲ့ ကျောင်းတောင်မပြီးသေးဘဲ
အလုပ်ရဖို့က....လွယ်ပါ့မလား...."

"ဟင့်အင် မသိဘူး....
အဲ့လဒက မောင့်ကိုဘာမှ
ရေရေရာရာ ပြောတာမဟုတ်ဘူး....
အဲဒါ ခနနေသူနဲ့သွားတွေ့မို့"

"အင်း.....ဒါဆို
ကိုကားထားခဲ့မယ်....
မောင်အပြင်သွားရင်ကားယူသုံးလေ..."

"အာ...ရပါတယ်ကိုကိုရ
မောင် ဆိုင်ကယ်ပဲသုံးမှာ...."

"နေ့လည်ကြ နေတအားပူမှာလေမောင်ရယ်
မဖြစ်ပါဘူး....
ကိုယ့်သည်းသက်လေး က
နုနုထွတ်ထွတ် ဖြူဖြူဥဥလေး
နေထိမခံလေထိမခံလေးကို
မရပါဘူး.....ကားယူသွား
ကားနဲ့ပဲ သွားကြ ဟုတ်ပြီလား...."

"အဟားးးး ဟုတ်ကဲ့ပါ ကိုကိုက သိပ်ပိုတာပဲ
ကိုပိုကြီးက ဘာလို့အဲလောက်ပိုနေတာလဲဟင်..."ကြည့် ဒီလူရင်အုပ်ကို သူ့မေးလုံးလုံးလေးနဲ့ ထောက်ပြီး ရွှန်းရွှန်းလဲ့နေတဲ့ မျက်လုံးဝိုင်းလေးတွေနဲ့ မြူကာ မေးနေပုံက ဒီကကောင်ကို အရည်ပျော်ကာ ခြေမခိုင်ချင်တော့အောင်။သိပ်တတ်တဲ့ကောင်လေး။
သူကြားချင်တာ သူလိုချင်တာ ရအောင်ဖြစ်အောင် သိပ်လုပ်နိုင်တဲ့ ငလည်လေး...ကျွန်တော့်ချစ်သည်းဥလေးပါ။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now