💝M5💝

7.4K 525 50
                                    

***Zaw&Uni***

******Zawgyi******

စိုင်း ညကအစောကြီးကတည်းက အိပ်ပျော်သွားလို့ထင် ဒီမနက်အစောကြီးနိုးနေသည်။လူတစ်ကိုယ်လုံးကို တင်းကြပ်စွာ ပွေ့ဖက်ထားသော ရင်ခွင်ပိုင်ရှင်ကို မော်ကြည့်တော့ မျက်တောင်တိုစိပ်စိပ်လေးတွေက ညို့ဓါတ်ပြင်းသော မျက်ဝန်းညိုတွေကို ဖုံးပိတ်ကာရန်ထားသည်။မြတ်နိုးရာ စိမ်းဖန့်ဖန့်မျက်ခုံးတန်းလေးကတော့ တင့်တယ်စွာ ဖြောင့်တန်းလို့။မထူမပါး နှုတ်ခမ်းထွေးအိအိလေးက တင်းတင်းစေ့ပိတ်ကာနေတော့ ယောကျာ်းပီသမှုကိုပံ့ပိုးပေးနေသော မေးရိုးအကျက ခန့်ထည်စွာ။ပါးရိုးတစ်လျှောက်မေးရိုးသွယ်သွယ်ထိ လက်ညိုးလေးနဲ့တို့ထိဆွဲကာ ဆော့နေမိရင်း....စိုင်းရဲ့နှုတ်ခမ်းပါးလေးက ထွေးအိအိနှုတ်ခမ်းလေးတစ်စုံထံ အပ်နှံကာ

"မောနင်း ကိုကို...အရမ်းချစ်တာပဲ...."ထို့နောက်ပြုံးယောင်ယောင် ဖြစ်သွားသောထိုလူချောကြီးက နိုးနေပါလျက် ဆက်မှိန်းနေရာ....

"ကိုကို...ထတော့လေ
အလုပ်သွားရအုန်းမှာမလား...."

"ဟင့်အင် ကိုခွင့်ယူထားတယ်"

"ဘာလို့...?"

"မောင်မှ နေမကောင်းတာ
မောင့်နားနေမို့ပေါ့ အသည်းရယ်..."

"မဟုတ်တာ မောင်ကနေကောင်းသွားပါပြီ
အလုပ်စဝင်ဝင်ချင်း ခွင့်တွေယူနေရတာ
ဘယ်ကောင်းမလဲ ကိုကိုရဲ့....
သွားလိုက်ပါ...."

"ရတယ်....ကို ခြူးကိုပြောပြီးပြီ..."

"မဟုတ်သေးဘူးလေ ကိုကိုရယ်
အခွင့်ရေးဆိုတာ ရတိုင်းယူလို့ကောင်းတာမဟုတ်ဘူး
မောင်လည်းအဖျားမှမရှိတော့တာ သွားလိုက်နော်....
မောင်လည်းကျောင်းသွားမှာ...."

"ဟင်...မသွားရပါဘူး...
အဖျားမရှိတော့ပေမဲ့ ဒီဒဏ်ရာတွေနဲ့
အာ....မဖြစ်ပါဘူး..."

"ကိုကိုကလည်း မောင်သက်သာနေပါပြီ
တကယ်တကယ် ဖယ်ထ မောင်လှမ်းလျှောက်ပြမယ်
တကယ်ဒူးက ပွန်းရုံပဲ့ရုံပဲဟာ
ကိုကိုရယ် ကျိုးသွားအက်သွားတာမှမဟုတ်တာ"

"လက်ကရော...."

"အဲဒါက ကျော်ကြီးတာဝန်ယူလိမ့်မယ်
မောင်က အတန်းထဲဝင်ထိုင် လိုက်နားထောင်ရုံပဲ"

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now