💝M42💝

2.6K 232 75
                                    

Z/

အချိန်ကား....၁၀နာရီ
ငစိုင်းတစ်ယောက် အခန်းထဲတွင် ဟိုဒီပါတ်ကာ ယောက်ယက်ခတ်နေသည်။သူပြန်လာတော့ မေမေက ယောကျာ်း ကဒီထိအောင်လိုက်လာတဲ့အချိန် မိမိအိမ်မှာရှိမနေခဲ့ခြင်းအား အဆူခံရသေးသည်။နောက် ငစိုင်း တစ်ယောက် ဝမ်းနည်းမှု၊ပူပန်မှု ၊နာကျင်ခံစားရသမျှ၊စိုးရိမ်သောက ဟူသမျှကို မေမေ့ အဆူခံရခြင်းကြောင့်လိုလို ထိုင်ငိုပစ်လိုက်ခါမှ အနည်းငယ်စိတ်သက်သာရာ ရကာ မွန်းကြပ်နေသောရင်အစုံအား သက်သာစေရသည်။မေမေကတော့ သူဆူတာပဲလွန်သွားလေသလားဟု ဘာမှမသိရှာပဲ ယောင်လည်လည်လေး တွေးကာကျန်နေခဲ့သည်။

သူ အခန်းထဲရောက်တော့ ပိုင်ရှင်မရှိသော ကိုကို့ Luggage ကအခန်းထောင့်လေးမှာ သူ့အား အထီးကျန်စွာဆီးကြိုသည်။ ငစိုင်း အခန်းဝတင် ဒူးနှစ်လုံးကြား ခေါင်းကိုအပ်ကာ ထိုင်ငိုမိပြန်သည်။နောင်တတွေလည်း အခါ၁၀၀မက မဟုတ်သေးဘူး အခါ၁၀၀၀ ဟင့်အင်မဟုတ်ဘူး အခါတစ်သိန်း၊အခါတစ်သန်းလောက်ရမိပါသည်။

အခုချိန်ကစပြီး ဘယ်သူ့ကြားထဲမှလည်း သူဝင်မပါချင်တော့ပါဘူး၊မြှားနတ်မောင်လည်း မလုပ်ချင်၊ကိုကို့အားလည်း သဝန်မတိုစေချင်၊အချစ်မစမ်းချင်တော့ပါဘူး။အင့် ...ဟင့် ကိုကို့ကို သဝန်တွေတို၊အရွဲ့တွေလည်းမတိုက်တော့ပါဘူး ။အင့် ...အင့် အခုကစ ကိုကို့တစ်မျက်နှာပဲကြည့်ပြီးကိုကို့အနားမှာပဲ တဖဝါးမှ မခွာပဲ နေချင်တော့တာမို့ အင့် ...အီး မြန်မြန်ပြန်လာပါတော့ ကိုကိုရေ။မောင်တောင်းပန်ပါတယ် အီး...ဟီး....။မောင်ဒူးထောက်ဆိုလည်းဒူးထောက်၊ကိုကို ရိုက်လည်းခံ၊သက်လည်းသေပေးပါ့မယ်၊ကိုကိုပေးသမျှ အပစ်တွေ လည်စင်းခံယူမှာမို့ ပြန်လာပေးပါ။ကိုကိုက ဒီတစ်ခါတည်းပဲ ပြန်လာပေးပါနော် ...တောင်ပန်ပါတယ် မောင်မှားသွားပါတယ်၊မောင်မှားခဲ့ပါတယ်လို့ အဲဒါကြောင့် ပြန်လာပေးပါ၊ပြန်လာခဲ့ပါ ကိုကိုရယ်။

သို့သော် ...မျော်သာမျှော် ပေါ်မလာစိမ်းကားသွားရက်လေသူက သူမည်မျှပင် တမ်းတနေစေကာမူ အရိပ်မျှပင် မမြင်ရနိုင်ချေ။ဒီလိုနဲ့ စိုးထိတ်ကြောက်လန့် ဗျာပါဒတွေနဲ့ ငစိုင်းတစ်ယောက် မျက်ရည်တွေနဲ့ မိုးစင်စင်လင်းခဲ့ရလေသည်။ မိုးသာလင်းတယ် ဆောင်းနံနက်ခင်းက မြူတွေစိုင်း
မှိုင်းနေသည်မှာ သူ့အနာဂတ်အား အရိပ်အမြွတ်ပုံရိပ်ဖော်ကြူးပြနေသလို။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Où les histoires vivent. Découvrez maintenant