💝M31💝

1.7K 142 22
                                    

ရံစည်းစိမ်
ရင်ခွင်ထဲ အေးချမ်းစွာ အိပ်ပျော်နေဆဲ အသည်းသက်ညှာလေးကို တစ်ညလုံး တစိမ့်စိမ့် ထိုင်ငေးကြည့်နေခဲ့တာတောင် သူ့မှာ ယခုအချိန်ထိ ငေး၍မဝ၊ကြည့်၍မဝ မြတ်နိုးစိတ်တွေသာ ဒီရေလို လျှံတက်လာအောင် ကျွန်တော့်ရဲ့ လျှံက ပြုစားနိုင်လွန်းသည်။ပိုင်ရှင်မသိပဲ ခိုးယူနမ်းရှိုက်မိပါသော အနမ်းတွေဟာဖြင့်လည်း ရေတွက်ရ၍ အကောင်ထည်သာ ဖြစ်တည်နိုင်ခဲ့ပါလျင် ခုဆို တောင်ပုံယာပုံ ပုံနေချေပြီ။ပိုင်ရှင်သိလျင် သူတောင်ကြီးမရောက်ပဲ ရေဝေးရောက်သွားနိုင်သည်ကို သိသိရက်နဲ့လည်း ထပ်ကာထပ်ကာ နမ်း၍ မဝပါသော ဤ လူသားလေးအား နောက်တစ်ကြိမ် ငုံ့ကာ နမ်းမိပြန်ရာ

ကြည်လဲ့လဲ့မျက်ဝန်းလေးတွေက ဖြတ်ခနဲပွင့်လာသည်မို့ သူလန့်ကာ မျက်လုံးအစုံကိုမှိတ်ချ၍ အိပ်ချင်ယောင်ဆောင်လိုက်မိခြင်းကို လျှံက အသံလေးတွေပင်ထွက်သည်အထိသဘောတကျရယ်ကာ

"အပိုတွေလုပ်မနေနဲ့ရံ
တစ်ညလုံး သူများအိပ်နေတာကို အသားယူတဲ့ အခွင့်ရေးယူတဲ့ကောင် မင်းပြန်လာမှတွေ့မယ် သွားဖယ် ထတော့ လွှတ်တော့ငါ့ကို"

"ဟင် ! လျှံ မင်း မင်းလည်းအိပ်မနေဘူးလား" ဆိုတော့ လျှံက သူ့ပါးနှစ်ဖက်အား ခပ်ကြမ်းကြမ်းဖိညှစ် ဆွဲခါရင်း
မင်းဒီလောက် ငါ့ကို တမွမွ လာလုပ် အသားယူနေတာ ငါဘယ်လိုလုပ်အိပ်လိုရမှာလဲ ပိန်းဥလိုကောင်ရဲ့
အသားယူချက်က ငါ့ပါးလေးကျန်ကော ကျန်သေးရဲ့လားတောင် မသိဘူး တော်တော်ဖြစ်နေဟုတ်လား "ဆိုကာ နဖူးကိုဖတ်ခနဲ ခပ်နာနာတစ်ချက်ရိုက်ကာ ပြောလာသော လျှံ့ကြောင့် သူခိုးလူမိသွားသော ခံစားချက်ကြီးအား ရံစည်းစိမ်တို့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရချေပြီ။ရှက်သွားသည့် စိတ်ထက် လျှံစိတ်ဆိုးသွားမလား ကြောက်သည့်စိတ်က ကဲတော့

"လျှံ "

"ကဲ ထတော့ဆိုနေ မင်းဒီနေ့သွားရမှာမလား
ဘယ်ချိန်သွားမှာလဲ "

"အွင်း ၁၀နာရီလောက်သွားမှာ"

"ကောင်းကောင်းသွား မြန်မြန်ပြန်လာ
ကြာနေရင် မင်းအပစ်ထပ်ကြီးမယ်မှတ် "

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now