💝M18💝

3.6K 270 44
                                    

*****Zawgyi******
တစ်ဖက်မှာလည်းစိုင်းနဲ့ထူးပန် တို့မှာ
ဒေါ်တူးလက်ရာ အစွမ်းပြမှုကြောင့် နှစ်ယောက်သား ဗိုက်ကယ်အောင်ထိ အင့်​နေအောင်​တွယ်ထားသော ညစာကို
အစာမြန်မြန်ကြေစေရန် တစ်ဦးလက်ကို တစ်ဦးက နွေးထွေးစွာ ဆုပ်ကိုင်ရင်း....ခြံထဲ မှာ လမ်းလျှောက်အစာခြေနေစဉ် ဆောင်းဦးလေမို့ တစ်ချက်အဝှေ့မှာတင် စိုင်းကိုယ်လုံးလေး စိမ့်ခနဲ တုန်တက်သွားရသည်။

"အေးနေပြီလားမောင်
လာ....အပေါ် ပြန်တက်ကြစို့"ဆိုကာ ဝတ်ထားတဲ့ ဟော်ဒီ ခေါင်းစွပ်လေးကို ခေါင်းစွပ်ပေးကာ အိမ်ဘက်ပြန်လှည့်တော့ ပေကပ်ကပ်လေး ရပ်နေတဲ့ မောင့်ကြောင့် မျက်ခုံးလေးပင့်ကာ မေးမိသည်။

"ဗိုက်က ကယ်နေတုန်းပဲ..."

"Omm... လမ်းလျှောက်ချင်သေးလို့လား
အေးနေပြီမလား...."

"Omm.....အေးနေပြီ"

"ဒါဆို အိမ်ထဲဝင်စို့လေ ကွာ"

"Omm...."ဆိုကာ ခေါင်းလေးညိမ့်၍ မျက်လုံးလေး ကလယ်ကလယ် လုပ်နေတာက...
ဟင်း....ဒီလောက်ဆို သူသဘောပေါက်လိုက်ပြီ။
ဒီအဆိုးလေး သူ့ကို အခန်းထဲသွားဖို့ ခြေထောက်ငှားနေတာ။

"ကဲ.....လာ"ဆိုကာ ခါးထက် ခွချိတ်စေကာ ပွေ့ချီဟန်ပြင်တော့ နောက်တစ်လှမ်းဆုတ်ကာ ခေါင်းခါပြန်သည်။
အမ်...ဒီကလေး ဘာဖြစ်ချင်
သူစဉ်းစားနေခိုက်...
သူ့ကျောကို လှမ်းကျော်ကြည့်နေတဲ့ အကြည့်လေးတစ်ချက်နဲ့တင် သူသိလိုက်ပြီ ။အဆိုးလေးက သူ့ကို ကုန်းပိုးစေချင်နေတာပဲ။သူပြုံးကာ ဒူးကိုညွတ်၍ ကျောချပေးတော့.....လည်တိုင်ကို လှမ်းခိုတွဲကာ ကျောပေါ် တက်လာသူ။

"ပြောတော့​ ဗိုက်အင့်နေသေးတယ်ဆို
ခုလိုက ပိုမအင့်ဘူးလားးး...."

"ဟင့်အင်....ဒီလိုက
နေလို့ကောင်းတယ် "ပြောရင်း....နားနောက်နားလေးဆီ ကြွေလွင့်လာတဲ့ အနမ်းဖွဖွလေးကြောင့် ခြေလှမ်းတွေက ယိုင်ချင်ချင်*ဟား....တကယ်ပါကွာ ဆိုးလိုက်တဲ့ ကို့အဆိုးလေး*အဆိုးလေးကို ကျောပေါ်တင်ရင်း
အချစ်တွေနဲ့ ထုံမွှန်းရာ အခန်းဆီရောက်တော့ မွေ့ယာပေါ် အသာလှဲချပေးရသည်။

အဆိုးလေးကတော့ ပက်လက်လေးကနေ သူ့ကို ပြုံးစိစိကြည့်နေပြန်ရာ ဘာကြောင့်ရယ်မသိ ထူးပန် ရင်ထဲလှိုက်ခုန်ကာ မျက်နှာဘယ်နားထားရမယ်မသိတော့သလို။
စိုင်းကတော့​ရဲတက်လာတဲ့ ကိုကို့နားရွက်ဖျားလေးတွေနဲ့ အနေခက်နေဟန်ရှက်မျက်နှာရဲကြီးကို မိမိရင်ခွင်သေးသေးလေးထဲ ဆွဲယူသိမ်းဖက်ရင်း ဖွက်ထားစေလိုက်သည်။ကျွန်တော်လေ ကိုကိုအဲလိုရှက်နေတာလေးကို
သိပ်အူယားပြီး ချစ်လိုက်တာ....

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now