💝M44💝

2.5K 220 29
                                    

Z/

လူးလွန့်နေတဲ့ ခန်းစီးလိုက်ကာစတွေကြား နေရောင်ခြည်နွေးနွေးက တိုးဝင်လာခဲ့သည်။ငစိုင်း မျက်တောင်စင်းလေးတွေ လှုပ်ခတ်လာပြီးနောက် ဘေးနားကလစ်ဟာနေသော ရင်ခွင်တစ်ခုအား စမ်းကာရှာနေမိသည်။သို့သော် နေခြည်နွေးနွေးကြား မိမိနံဘေးမှ နေရာလပ်မှာမူ အနွေးဓါတ်တို့ပျောက်ဆုံးပြယ်လွင့်၍ အေးစက်နေခဲ့သည်။ငစိုင်း မျက်ဝန်းတွေ ရုတ်ခြည်းပွင့်ဟလာချိန်မှာတော့ အခန်းတွင်းမြင်ကွင်းက သူ့အား ဗလာနတ္ထိစီးကြို ခွန်းဆက်သည်။ကိုကို.....။

"ကိုကို...ကိုကို.... ကိုကို့ " တိုးလျလျခေါ်သံတစ်ခုမှ တမ်းတမ်းတတ ၊နောက်တုန်လှုပ်မှုတို့ကြား အော်ခေါ်မိသော်ငြား တုန့်ပြန်သံကမဲ့ခဲ့သည်။ရုတ်တရတ် ဒိန်းခနဲ ဆောင့်တက်လာသော နှလုံးသွေးတို့နဲ့အတူ ဦးနှောက်က ဗလာဖြစ်သွားခဲ့သည်။တပေါက်ပေါက် စီးကျလာတဲ့ မျက်ရည်တွေ ကိုမသုပ်ဖယ်နိုင် ကိုယ်ပေါ်မှစောင်ကိုသာ အားကိုးရာမဲ့ ဆွဲစုပ်ထားမိသည်။ တဆတ်ဆတ် တုန်ရီနေသော ရင်အစုံနဲ့ ခန္ဒာကိုယ်က သူမည်မျှပင် ထိန်းချူပ်စေကာမှု တုန်လှုပ်နေမှုက ဆထက်ဆထက်တိုး၍သာလာသည်။

အသိဗလာ၊မျက်ဝန်းဗလာနဲ့ အိပ်ယာဘေးမှ စားပွဲထံ အကြည့်တို့ရွေ့မိသည်။ထိုအခိုက် သူသိပ်မုန်း၍ ကြောက်ရွံ့ပါသော စာချူပ်တစ်စုံ၊လက်မှတ်တစ်ခုက သူ့အားလှောင်ပြောင်ရယ်မောနေခဲ့သည်။မွန်းကြပ်နေသော ရင်အစုံ၊တစ်ဆို့နေသော လည်ချောင်းတစ်လျှောက် အပူစီးကြောင်းတစ်ခုက အက်ကွဲခြောက်သွေ့စွာ တိုးဝင်လာခဲ့သည်။အရာအားလုံး ပြီးသွားပြီ၊ ကိုကို သူ့အား ထားသွားပြီ။ဒီတစ်ခါမှာတော့ တကယ်ကို နောက်လှည့်မကြည့်စတမ်း ထားခဲ့ရက်လေပြီ။

နာကျင်မှုက ခံနိုင်ရည်ထက် ကျော်လွန်သွားချိန်မှာတော့ အသိနဲ့ခန္ဒာက ထုံကျင်သွားခဲ့လေပြီ။တနေကုန် ကိုကို့ရဲ့ အငွေ့သက်များကြွင်းကျန်ရာ အခန်းလေးထဲ တိတ်တိတ် ဆိတ်ဆိတ်ပဲ ငိုကြွေးမဆုံးအောင်းနေခဲ့မိသည်။
အရုဏ်ဦးမှသည် ဆည်းဆာချိန်ရောက် နေမင်းကြီးပင် တစ်ဖန်အိပ်တန်းဝင်ချိန်မှာတော့ ငစိုင်း အခန်းအား Chetout လုပ်ကာ အိမ်ပြန်ခဲ့လေသည်။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now